တရုတ်လူမျိုး နာမည်ကြီးမော်ဒယ်လ်တွေ ဖြစ်ကြတဲ့ Luu Brothers ကတော့ မြန်မာနိုင်ငံက ဆယ်လီ မမတွေသာမက ၊ မိန်းမလှလေးတွေ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ Mark Luu , Charles Luu နဲ့ Lances Luu ဆိုတဲ့ သက်တူ ရွယ်တူ ၊ ရုပ်ချင်း ခွဲမရအောင် တူတဲ့ အမြွာညီအစ်ကို သုံးယောက်ရဲ့ အမိုက်စား ဖက်ရှင်လ်၊ နဲ့ စတိုင်လ်တွေ ကြောင့် ပျိုမေ မမ တွေ သည်းသည်းလှုပ်ဝန်းရံခံခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံ ပေကျင်းမှာ နေထိုင်ပြီး မကြာခဏဆိုသလို အမေရိကန် ပြည်ထောင်စု၊ ကနေဒါနိုင်ငံ သို့ မကြာခဏ သွားရောက်ပြီး မင်းသားတွေ အဖြစ်လည်း ရပ်တည်နေကြသူတွေ ဖြစ်ပါတယ်။ မကြာခင်မှာ ရိုက်ကူးတော့ မဲ့ Viy 2: Journey to China ရုပ်ရှင်ဇာတ်ကားကို တရုတ်အက်ရှင်လ် မင်းသား ဂျက်ကီချမ်းနဲ့ အတူ ဟောလီဝုဒ်မင်းသား အာနိုးနဲ့ အတူ ပါဝင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ Brand တော်တော်များများ ရဲ့ ပင်တိုင် ဖက်ရှင်လ် မော်ဒယ်လ် တွေ ဖြစ်သလို ရုပ်ရှင် သရုပ်ဆောင်အသားညို ညိုအရပ်မြင့်မြင့် နဲ့ ၊ ပျိုမေ တွေ ရင်ခုန်လောက်စရာ ကိုယ်ခန္ဓာအချိုးအစားတွေကိုလည်း ပိုင်ဆိုင်ထားကြသူတွေ ပါ။

အဖေဖြစ်သူ တိဗက်လူမျိုး နဲ့ အမေ ဖြစ်သူ ဗီယက်နမ်သူလေးမှ ပေါက်ဖွားလာတဲ့ Lance, Mark နဲ့ Charles တို့ ညီအစ်ကို သုံးယောက်ဟာ အရပ် (၆) ကျော် ဝန်းကျင် ရှိပြီး သုံးယောက်လုံးဟာ တူညီတဲ့ ကိုယ်ခန္ဓာ တည်ဆောက်ပုံရှိပါတယ်။ 1988 ခုနှစ် ဇူလှိုင် ( 15 ) ရက်နေ့မှာ မွေးဖွားခဲ့ပြီး အခုဆိုရင်တော့ အသက်(၃၀) ပြည့်ပြီလို့ ဆိုရမှာပါ။ Beijing, Shanghai, Hong Kong နဲ့ Hanoi တွေထိ နာမည်ကြီး ကျော်ကြားပြီး မြန်မာနိုင်ငံက ဆယ်လီ မမတွေ ဖြစ်တဲ့ ပက်ထရစ်ရှာနဲ့ ဟန်နာယူရီတို့တောင် ဝန်းရံခဲ့ရတဲ့ နာမည်ကြီး မင်းသားတွေ ဖြစ်ပါတယ်။

source: Luubrothers ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။