မေကဗျာတစ်ယောက် သူမကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စတွေဖြစ်ပြီးတဲ့နောက်မှာ အနုပညာလောကကနေ အနားတောင်ယူတော့မလားလို့ ပရိသတ်တွေအကြားမှာ စိုးရိမ်မကင်းဖြစ်နေခဲ့ကြတာပါ . တချို့သော အနုပညာလောက က တာဝန်မဲ့ တဲ့သူတွေရဲ့ လုပ်ရပ်တွေကို ကြုံခဲ့ရအပြီးမှာ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့တာလည်း ဖြစ်ပါတယ် ။ မေကဗျာ က သူမရဲ့ ဆုံးဖြတ်ချက်ကို အခုလိုပြောခဲ့တာလည်းဖြစ်ပါတယ်။

"မင်းသမီးတွေအများကြီးရှိပါတယ် ကြိုက်မှငှားပါ ပြောတဲ့ဈေးနဲ့ မတန်ဘူးထင်လည်းမခေါ်နဲ့ ဘာမှမဖြစ်ဘူး အရင်လိုတော့ဈေးလျော့ ရတဲ့ဈေးနဲ့ အလုပ်ရှိပီးရော လာသမျှထိုင်ရိုက်နေမှာတော့မဟုတ်ဘူးသက်လား၊ကျမသည် စရိုက်တည်းကဘယ်ကားရိုက်ရိုက် ရတာနဲ့ ကုန်တာ ပြန်တွက် ကုန်ကျစရိတ်ကအမြဲများခဲ့တာပါ" လို့ သူမရဲ့ ပိတ်ကားနောက်ကွယ်က ပေးဆပ်ခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်တစ်ယောက်အတွက် ပိတ်ကားနောက်ကွယ်က ပြင်ဆင်မှုတွေဟာ အလွန်အရေးပါတာမို့ အနုပညာရှင်တွေကိုယ်တိုင် အင်တိုက်အားတိုက်ပြင်ဆင်ရတာကလည်း သူတို့ရဲ့ နေ့စဉ်အလုပ်တစ်ခုပါ။

မေကဗျာ " သူများအတွက်ပို့ပေးရမယ်ဆို လည်း တန်ရာတန်ကြေးရှိပါတယ် နည်းနည်းတော့ အတ္တကြီးမှရတော့မယ်၊လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိကြပါတယ်အသစ်လေးတွေ မတင်ပေးချင်တာလည်းမဟုတ်ပါဘူးကိုယ်လည်းအသစ်ဘဝကလာတာပါ၊ ပွင့်ပွင့်လင်းလင်းပြောကြဆိုကြညှိကြရင်အကုန်အဆင်ပြေပါတယ် လာတော့မလုပ်စားနဲ့လေ နော့၊ " ဆိုပြီး တချို့သောသူတွေရဲ့ လုပ်ရပ် ကို ဖွင့်ဟရင်ဖွင့်ခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ရင်ရှုပ်စရာတွေများတဲ့ ရုပ်ရှင်လောက ကြီးထဲက မေကဗျာကတော့ ပညာသားပါပါ ချေဖို့လုပ်နေပါပြီ၊ မေကဗျာရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး တစ်ခုခုလောက်မှတ်ချက်မှာပြောပြပေးသွားခဲ့ပါနော်။

Source - Ei Rose

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။