အခုခေတ်မှာ အလှအပနဲ့ ပတ်သက်ပြီး အများကြီး ခေတ်မီလာကြသလို အသားအရေကိုလည်း အထူးတလည် ဂရုစိုက်လာကြပါတယ်။ ဒီလို အသားအရေကို ဂရုစိုက်တဲ့အခါ အသုံးပြုနေကြတဲ့ အလှကုန်တွေအပြင် အသားအရေကို ထိန်းသိမ်းတဲ့ skin care cream တွေကလည်း အရေးပါလာကြပါတယ်။ နေ့ပိုင်းနဲ့ ညပိုင်းနဲ့ ခန္ဓာကိုယ် ဖြစ်စဉ်ပြောင်းလဲပုံခြင်း မတူတာမို့ အသားအရေ ထိန်းသိမ်းနည်းလည်း ကွာခြားသင့်ပါတယ်။ ဒါ့ကြောင့် နေ့လိမ်းခရင်မ် နဲ့ ညလိမ်း ခရင်မ် ဆိုပြီး ပြောင်းလဲ ထုတ်လုပ်ပြီး အသုံးပြုလာကြတာ ဖြစ်ပါတယ်။

နေ့ပိုင်းမှာ နေရောင်ကြောင့် ပျက်စီးထားတဲ့ အသားအရေတွေကို ကာကွယ်ဖို့ လိုအပ်ပြီး ညဘက်မှာတော့ ပျက်စီးသွားတဲ့ အသားအရေတွေကို ပြန်လည် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် နေ့လိမ်းခရင်မ်တွေမှာ နေလောင်ကာ လိမ်းဆေးတွေနဲ့ အစိုဓာတ်ထိန်းဆေးတွေ ပါလေ့ရှိပြီး ညလိမ်းခရင်မ်တွေမှာတော့ အစိုဓာတ်ထိန်းဆေးနဲ့ အရေပြား အားဖြည့်ဆေးတွေ ပါဝင်ကြပါတယ်။

ဒါ့အပြင် နေ့လိမ်းခရင်မ်တွေမှာ အသားအရေပျက်ဆီးမှုကိုကာကွယ်ဖို့ အင်တီအောက်စီးဒင့်တွေလည်း ပါဝင်ကြပြီး မိတ်ကပ်မလိမ်းခင် အောက်ခံ foundation အနေနဲ့ လိမ်းကြပါတယ်။ ထိုသို့ အသုံးပြုခြင်းဖြင့် နေလောင်တာကို ပုံမှန်ထက် ပိုခံနိုင်ကြတယ်။ ညလိမ်းခရင်မ်တွေမှာတော့ အစိုဓာတ်ထိန်းဆေးတွေလည်း ပါလေ့ရှိပြီး hyaluronic acid, vitamin E စတာတွေ ထည့်လေ့ရှိတယ်။ အသားအရေပြုပြင်ဆေးအများစုဟာ ညလိမ်းခရင်မ် မှာ ပါဝင်လေ့ရှိတာကြောင့် နေ့လိမ်းခရင်မ်တွေထက် အရည်ပိုပျစ်လေ့ရှိပါတယ်။

ဒါ့ကြောင့် နေ့လိမ်းခရင်မ်နဲ့ ညလိမ်းခရင်မ်ကို မခွဲခြားဘဲ အတူတူ အသုံးပြုမယ့် အစား နေ့ဘက် အတွက် သီးသန့် ထုတ်ထားတဲ့ နေ့လိမ်းခရင်မ်ကို နေ့ဘက်မှာသုံးပြီး ညလိမ်းခရင်မ်ကိုသာ ညဘက်မှာ အသုံးပြုခြင်းက အသင့်တော်ဆုံး ဖြစ်ပြီး ထိရောက်မှုလည်း ပိုကောင်းနိုင်ပါတယ်။

အားလုံးပဲ လှသထက် လှနိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ အေးမင်းထူး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။