နာမည်ကျော်မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ မထက်တစ်ယောက် လတ်တလောမှာတော့ မော်ဒိုက်ကမ်းခြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ 2 Pieces နဲ့ သူမရဲ့အလန်းစားပုံရိပ် တွေကလည်း ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားလွန်းပါတယ်။ သူမရဲ့လှပတဲ့ ခန္ဓာကိုယ်ကောက် ကြောင်းဟာ 2 Pieces လေးနဲ့ အရမ်းကိုလိုက်ဖက်ပြီး မော်ဒိုက်ရဲ့ အလှ တွေနဲ့တောင် ယှဉ်ပြိုင်လို့နေပါတယ်။

အောင်မြင်တဲ့မိတ်ကပ်ဖန်တီးသူအဖြစ်နဲ့ ပရိသတ်တွေကြားမှာ ရေပန်းစားလွန်းသူတစ်ဦး လည်းဖြစ်ပါ တယ်။ သူမဟာ ခွဲစိတ်ကုသမှုခံယူထားပြီး အမျိုးသမီးဘဝကို အမြတ်တနိုးခံယူ ထားသူလည်းဖြစ်ပါ တယ်။ အသံခွဲစိတ်မှုအထိပါ ပြုလုပ်ထားပြီး သူမရဲ့အစစအရာရာဟာ အမျိုးသမီး တစ်ယောက်နဲ့ ချွတ်စွတ်တူလွန်းနေပါတယ်။

ကမ်းခြေရဲ့အလှအပတစ်ခုဖြစ်တဲ့ 2 Pieces လေးဟာ သူမရဲ့ကိုယ်ပေါ်မှာ ကျော့ရှင်းစွာနေ ရာယူနေပြီး အလှပဆုံးအနေအထားနဲ့ သူမက အကြွေစင်ပုံရိပ်တွေကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အရပ်ရှည် ရှည် ခန္ဓာကိုယ်လှလှနဲ့ မိတ်ကပ်ဖန်တီးရှင် မထက်ရဲ့ကြွေချင် စရာကောင်း လွန်းတဲ့ အမိုက်စားပုံရိပ် တွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်နော်။

Photo - Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။