မကြာသေးခင်က မှ မျက်ရစ် နဲ့ နှာခေါင်းခွဲစိတ်မှုတွေကို ပြုလုပ်ခဲ့တာကို ပရိသတ်ကြီးသိပြီးဖြစ်ပါလိမ့်မယ် ။ အခုလိုအလှအပ ရေးရာခွဲစိတ်ပြုပြင်မှုတွေကို မြန်မာနိုင်ငံက လူငယ်တွေကြားမှာရေပန်းစားလာခဲ့တာ ကာလတစ်ခုကို ရောက်ရှိနေခဲ့တာလည်းဖြစ်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်းမှာနေခြည်ဦးတစ်ယောက် အသွားမပျက် အလှမပျက် လည်လည်ထွက်နေတဲ့ပုံလေးတွေကြောင့်လည်း ပိုမို အချစ်ပိုစေခဲ့ပါတယ်.

နေခြည်ဦးတစ်ယောက် ဒီနေ့မှာတော့ သူမရဲ့ကိုယ်ပိုင်လျို့ဝှက်ချက်တစ်ခုကို ဟာသအဖြစ် ပြောင်းလဲလိုက်တာကိုတွေ့ရပါတယ်။ နေခြည်ဦးဟာ သူမရဲ့ နှာခေါင်းကို စိတ်တိုင်းမကျတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူမကို မနှစ်သက်တဲ့သူတချို့ က သူမရဲ့ နှာခေါင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တာတွေကို လည်း ကြုံခဲ့ရပါတယ် ။ သူမ က အခုတစ်ခေါက်မှာတော့ ဒီ နှာခေါင်းခွဲစိတ်မှုရဲ့ နောက်ဆက်တွဲအနေအထားကို ဟာသနှောပြီးပြောပြခဲ့တာကြောင့် နေခြည်ဦးကို ချစ်တဲ့သူတွေ ကို ဂရုဏာပိုစေခဲ့ပါတယ်။

"ခွဲစိတ်မှု အားလုံး အောင်မြင်ပါတယ်။ချုပ်ရိုးလည်း ဖြေပြီးပါပြီ။တစ်ခုဘဲ ဆရာဝန်က သုံးလလောက်မရီနဲ့တဲ့ချုပ်ထားတဲ့ နှာခေါင်းပြန်ပွလာမှာ စိုးလို့တဲ့ ၊ဂွမ်းးးးးးးး"ဆိုပြီးတင်ခဲ့တာကြောင့် ပရိသတ်တွေ ကဂရုဏာပို ခဲ့ကြတာပါ။ အမယ်လေး မမချီ ရယ် ချုပ်ထားတဲ့နှာခေါင်းလေးကပြန်ပွလာစရာလား ဆိုရှယ်ကောင်းတဲ့ မမချီတစ်ယောက် ပရိသတ်တွေနဲ့ မှတ်ချက်တွေမှာ ရယ်ပွဲတွေဖွဲ့နေကြတာအားရစရာ။ ပရိသတ်ကြီးရော ကိုယ့်အားနည်းချက်ကို ဟာသလုပ်ပြီး ချီချီလိုပြောရဲမယ်ဆိုရင် ချီချီသိအောင်မှတ်ချက်မှာရေးပေးသွားပါနော် ။

Source - Nat Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။