ပရိသတ်ချစ် နာမည်ကျော်အနုပညာရှင်တွေဖြစ်ကြတဲ့ ပြည်သူ့အချစ်တော်တွေကတော့ သဘာဝအလှတရားတွေစုစည်းရာ ပင်လယ်ချစ်တဲ့လူတော်တော်များများ သွားရောက်အပန်းဖြေရာ ကမ္ဘာအလှဆုံးပင်လယ်တစ်ခုဖြစ်တဲ့ မော်လဒိုက်ကမ်းခြေကို သွားရောက် အပန်းဖြေရောက်ရှိနေကြပါတယ်..။

အနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြတဲ့ ကျော်ထက်အောင်၊ ထူးအောင်၊ ခင်လေးနွယ်၊ နီနီခင်ဇော်နဲ့ မိတ်ကပ်မထက်တို့ကတော့ အုပ်စုလိုက်ပျော်ပျော်ပါးပါးသွားရောက်အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ်..။

အုပ်စုလိုက်ပျော်ရွှင်စွာ ရေကူးဆော့ကစားအပန်းဖြေနေကြတဲ့ ပုံရိပ်လေးတွေကိုတော့ သရုပ်ဆောင်မင်းသားကျော်ထက်အောင်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

အမှတ်တရဓာတ်ဖမ်းခဲ့ကြတဲ့ ပုံရိပ်လေးတွေထဲမှာ အားလုံးကလွတ်လါတ်လပ်လပ်နဲ့ ပျော်ပျော်ရေကူးဆော့ကစားနေကြတဲ့ ပုံရိပ်လေးတွေကိုတော့ အားလုံးရဲ့အပျော်တွေကို ကူးစပ်စေတာလည်း တွေ့ရပါတယ်..။

သီရိလင်္ကာနိုင်ငံရဲ့ အနောက်တောင်ဘက် (၄၃၅)မိုင်မှာရှိပြီး အိန္ဒိယသမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ မော်လဒိုက်ကမ်းခြေကတော့ ကမ္ဘာအလှဆုံး ပင်လယ်သမုဒ္ဒရာတွေထဲ တစ်ခုဆိုလည်း မမှားပါဘူး..။

မော်လဒိုက်မှာ အပန်းဖြေရောက်ရှိနေတဲ့ ပရိသတ်အချစ်တော်အနုပညာရှင်ဆယ်လီတွေရဲ့ ပျော်ရွှင်စွာ ဆော့ကစားအပန်းဖြေနေကြတဲ့ လတ်လောပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ကျော်ထက်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။