တရုတ်မင်းသား ဂျက်ကီချမ်းဆိုရင် မြန်မာ ပရိသတ်တွေ မသိသူ မရှိသလောက် ဟာသ၊ အချစ် ၊ အက်ရှင် ၊ အကြမ်းအရမ်းတွေကို သဘာ၀ ကျကျသရုပ်ဆောင်နိုင်တဲ့ သဘာ၀ မင်းသားကြီး လို့ ဆိုရမှာပါ။ ဟောလီဝုဒ် အက်ရှင်မင်းသားကြီး အာနိုးဟာ လည်း အကြမ်းအရမ်း အက်ရှင်ပိုင်းမှာ ဆရာတစ်ဆူလောက် ဆိုရလောက်အောင် 1990 ခုနှစ်တွေရဲက ရုပ်ရှင်လောကတွေကို လွှမ်းမိုးခဲ့ကြတဲ့ အက်ရှင်မင်းသား နှစ်ဦးရဲ့ အားရ ဖွယ် ရုပ်ရှင်ဇာတ်ကား တစ်ကားကတော့ ဒီ 2018 ခုနှစ် ရဲ့ သြဂုတ်လ လောက်မှာ ရုံတင်ဖို့ ရှိနေပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းနာမည်ကတော့ ‘Mystery Of Dragon’s Seal: Journey To China’ ဖြစ်ပြီး ဒီဇာတ်ကားရဲ့ ပရိုဂျူဆာ ကတော့ အက်ရှင်မင်းသား ဂျက်ဂီချမ်း နဲ အာနိုး တို့ ကိုယ်တိုင် ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အသုံးပြုထားတဲ့ ဘာဂျက်ငွေကတော့ အမေရိကန် ဒေါ်လာငွေ သန်းပေါင်း (၄၈ သန်းကျော် ) အသုံးပြုထားပါတယ်။ ဒီရုပ်ရှင်ဇာတ်လမ်းကို ဒါရိုက်တာ Oleg Stepchenkoand၊ Jason Flemyng နဲ့ Rutger Haueတို့ က သုံးယောက်ပေါင်း လက်စွမ်းပြရိုက်ကူးထားပြီး ထွေလာကို တော့ 2017 လောက်ကတည်းက တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

source: Mystery Of Dragon’s Seal: Journey To China; 

လွန်ခဲ့သော 18th century က တရုတ်ပြည်ကို ကျူးကျော်ဝင်ရောက်လာတဲ့ ရုရှားတွေ လူမျိုးတွေနဲ့ ပရိပက္ခတွေကို စိတ်ကူးယဉ်ရိုက်ကူးထားပြီး ဒီဇာတ်လမ်းထဲမှာ အင်္ဂလိပ် ၊ တရုတ် နဲ့ ရုရှား ဘာစကား သုံးမျိုး ကို အသုံးပြုတားတာ ဖြစ်ပါတယ်။ CTB Film Company နဲ့ Russian Film Group တို့ က ဒီရုပ်ရှင် ဖန်တီး ထုတ်လုပ်ပြီး ဒီ ရုပ်ရှင် ထွေလာလေးကို မျှဝေလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။