သရုပ်ေ်ဆာင်အဆိုတော်မလေး ဝါဆိုမိုးဦးတစ်ယောက် သူမရဲ့လှပလွန်းတဲ့ အမိုက်စားပုံရိပ် တွေကို " အဖြူနဲ့ဂျင်းလေးပေါ့ " ဆိုပြီးတင်လိုက်တာ ပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ဖက်ရှင် လေးနဲ့ လှပလွန်း တဲ့ သူမရဲ့ပုံရိပ်တွေဟာ ဆွဲဆောင်မှုတွေပိုနေပါတယ်။ ညီမဖြစ်သူကို လည်း အနုပညာလမ်းကြောင်း ပေါ် လက်တွဲခေါ်ယူနေတာပဲဖြစ်ပါတယ်။

သရုပ်ဆောင်အဖြစ်နဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး ဒီနောက်ပိုင်းမှာတော့ သီချင်းခွေ တစ်ခွေလည်းထွက်ရှိထားကာ ပရိသတ်အားပေးမှုကိုလည်း အပြည့်အဝ ပိုင်ဆိုင်ထားပါသေးတယ်။ သူမရဲ့ချစ်သူဖြစ်တဲ့ Snare အဖွဲ့က အဆိုတော်ဖြိုးလေးနဲ့လည်း ချစ်သက်တမ်း နှစ်နှစ်ကျော်ကာလကို ကျော်လွန်ခဲ့ပြီဖြစ်ပြီး ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့ ဖေးမရင်း အတူတူရှေ့ဆက်လက်တွဲနေကြ တာပဲဖြစ်ပါတယ်။

အမြဲလိုလိုအလန်းစားဖက်ရှင်တွေနဲ့ သူမကိုတွေ့ရတတ်ပြီး ဒီတစ်ခေါက်မှာလည်း မရိုး မဆန်းဖက်ရှင် လေးနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ အမြဲလိုလို အလှတွေနဲ့ မြင်သူတိုင်းရဲ့ အသည်းတွေ ကို ကြွေအောင်ခြွေတော့မယ့် ဝါဆိုရဲ့ အမိုက်စားပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Warso Moe Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။