​ဦးကိုနီအား လုပ်ကြံခဲ့သူမှာ မန္တလေးမြို့တွင်နေထိုင်သူဖြစ်ကြောင်းသိရ

ဦးကိုနီအား လုပ်ကြံခဲ့သူမှာ မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း သိရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို ဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြခံခဲ့သူမှာ မန္တလေးမြို့တွင် နေထိုင်သူဖြစ်ကြောင်း ကနဦးရရှိသော ရဲမှတ်တမ်းများအရ သိရှိရပါသည်။

ကနဦး သိရှိရသော သတင်းများအရ ယနေ့ (ဇန်နဝါရီ ၂၉ ရက်) ညနေ ၅ နာရီ အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Treminal 1 ရှေ့တွင် ကြည်လင်း၊ အသက် ၅၃ နှစ်၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက်တွင် နေထိုင်သူက ၎င်းတွင်ပါလာသော ပစ္စတို (၉-မမ) ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးကိုနီ သေဆုံးခဲ့ရပြီး အခြားပစ်ခတ်ခံရသူ တစ်ဦးဖြစ်သည့် တက္ကစီယာဉ်မောင်းမှာလည်း သေဆုံးခဲ့ရကြောင်း ကနဦးသတင်းများအရ သိရပါသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောမမာန် စားသောက်ဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှာ ပစ္စတို (၉-မမ) တစ်လက်၊ ကျည် ကိုးတောင့်၊ ၅ လုံးပြူး သေနတ် တစ်လက်၊ ကျည် လေးတောင့်တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကနဦး ရဲမှတ်တမ်းများအရ သိရှိရပါသည်။

နေ့လယ် ၃း၁၅ နာရီ စင်္ကာပူလေကြောင်းလိုင်းနဲ့ (စင်္ကာပူ ထရန်စစ်) ရန်ကုန် ပြန်သွားတာဖြစ်ပါတယ်။

ဦးကိုနီသည် ပြန်ကြားရေးဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် အင်ဒိုနီးရှားနို်င်ငံ တွင် ကျင်းပသည့် Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်လေဆိပ် Taxi Stand မှာ ခုလေးတင် ခေါင်းကို သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံရ ရှေ့​နေ ဦးကိုနီ ရန်​ကုန်​​လေဆိပ်​မှာ ​သေနတ်​နှင်​့ပစ်​သတ်​ လုပ်​ကြံခံရ။

ပွဲချင်းပြီးသေဆုံးပြီး

တရားခံအား ဝင်ရောက်ဖမ်းဆီးပေးသော

တက္ကစီသမားပါ သေဆုံး ကြောင်းသိရသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။