နာမည်ကြီး Beauty Blogger တစ်ဦးဖြစ်ပြီး အမျိုးသမီးတွေအတွက် အလှအပရေးရာနဲ့ ပတ်သတ်လို့ မျှဝေပေးတတ်တဲ့ နေခြည်ဦးကတော့ surgery လုပ်တာ အောင်မြင်စွာနဲ့ ပြီးဆုံးလို့ သွားပါပြီ။ သူမရဲ့ မျက်ရစ်နဲ့ နှာခေါင်းကို ခွဲစိတ်ပြုပြင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပတ်တီးဖြေထားခါစ အခြေအနေဖြစ်တယ်လို့သိရပါတယ်။ မိခင်နဲ့အတူ ကိုရီးယားမှာ သွားရောက်ခွဲစိတ်ခဲ့တာဖြစ်ပြီး သူမရဲ့ ဓာတ်ပုံလေးတွေကိုတော့ instagram မှာ တင်ထားတာ တွေ့ရပါတယ်။ 

သူမဟာ လူမှုစာမျက်နှာတွေထက်မှာ ရေပန်းစားတဲ့ အမျိုးသမီးတစ်ဦးဖြစ်သလို ပရိသတ်စိတ်ဝင်စားမှု အများဆုံးရရှိထားသူ တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိခွဲစိတ်မှုနဲ့ပတ်သတ်ပြီး သူမကို ဝေဖန်နေကြသူတွေရှိပေမဲ့ အများစုကတော့ သူမရဲ့ ပွင့်လင်းမှုနဲ့ သတ္တိကိုချီးကျူးထားကြတာလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို ဝေဖန်မှုတွေနဲ့ကြုံတွေရပေမဲ့ တစ်နေ့တစ်ခြား ပိုမိုသန်မာလာတဲ့သူမရဲ့ ပုံစံကိုတော့ သူမဖြေဆိုထားတဲ့ အင်တာဗျူးတွေမှာလည်း တွေ့မြင်နိုင်ပါတယ်။ 

သူမအနေနဲ့ Beauty Blogger တစ်ဦးဖြစ်တာမို့ သူမရဲ့ အလှအပရေးရာတွေသာမက နှုတ်ခမ်း filler ထိုးတာ မျက်နှာခွဲစိတ်ပြုပြင်တာတွေအထိပါ ပရိသတ်ကို ပွင့်ပွင့်လင်းလင်းချပြပြီး sharing လုပ်တတ်သူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ဝေဖန်သူတွေရှိနေပေမယ့်လည်း အံ့မခန်းချစ်ကြတဲ့ ချီလီတွေကတော့ သူတို့ ချီချီရဲ့ သတ္တိနဲ့ ရိုးရိုးရှင်းရှင်း ပရိသတ်ကို ဝန်ခံထားတာကြောင့် ပိုလို့တောင်ချစ်မိနေကြတယ်ဆိုပြီး ပြောထားကြတာလည်း တွေ့ရပါတယ်။

Photo Source : Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။