Maldive ကမ်းခြေဟာ ကမ္ဘာပေါ်ကအရမ်းလှပလှတဲ့နေရာတစ်ခုဖြစ်သလို ရုပ်ရှင်ကားတွေထဲမှာသာ မြင်တွေ့ဖူးတဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။

တကယ့်ကိုအရမ်းလှပလှတဲ့ ၎င်း Maldive ကမ်းခြေကိုတော့ မြန်မာနိုင်ငံက အနုပညာရှင်တချို့ကလည်း ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့တာတွေ့ရပါတယ်။ 

Maldive ကမ်းခြေကိုတော့ မြန်မာနိုင်ငံထဲက အနုပညာရှင်တွေဖြစ်ကြတဲ့ နီနီခင်ဇော် ၊ထူးအောင် ၊ ကျော်ထက်အောင်၊ ခင်လေးနွယ် ၊ မိတ်ကပ်မထက် တို့နဲ့အတူ သွားရောက်ခဲ့တာတွေ့ရပါတယ်။

အခုလိုမျိုးအနုပညာရှင်တွေအတူတူ သွားရောက်ခဲ့ပုံလေးကိုတော့ တချို့ပရိသတ်တွေဟာ သူတို့သွားတာဟာ သာမန်အပန်းဖြေ ခရိးစဉ်လေးတစ်ခုပဲလား ဒါမှမဟုတ် ဘယ်လိုအနုပညာအလုပ် လေးတွေများ ပြုလုပ်ဖို့သွားတာလည်းဆိုပြီး အတွေးလေးတွေ နယ်ချဲ့နေတာကိုလည်းတွေ့ရပါတယ်။  

သူတို့သွားရောက်နေတဲ့ ခရီးစဉ်လေးဟာ သာမန်ခရိးစဉ်လေးတစ်ခုဆိုရင်တောင် အသက်ရှူမှားလောက်အောင်လှတဲ့ Maldive ကမ်းခြေကို သွားရောက်အပန်းဖြေရတာဆိုတော့ အရမ်းအားကျစရာကောင်းလှပါတယ်။

ရုပ်ရှင်တွေထဲမှာ မြင်ရတာတောင် အရမ်းလှပလှတဲ့ Maldive ကမ်းခြေကိုတော့ အခုလိုကိုယ်တိုင်ကိုယ်ကျ သွားရောက်ရတဲ့ သူတို့လေးတွေကိုရော ပရိသတ်တွေအမြဲအားပေးနေကြမယ်လား ။

အပန်းဖြေခရီးသက်သက်ပဲလား အနုပညာအသစ်တွေဖန်တီးဖို့သွားတာလား ဆိုတာကလည်း စိတ်ဝင်စားစရာပဲနော်ပရိသတ်ကြီးရေ။ 

Photo Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။