ပရိသတ်တွေကြားရေပန်းစာမော်ဒယ်မင်းသားတွေထဲက ထိပ်တန်းဝင်သူတစ်ဦးဖြစ်တဲ့ ပိုင်တံခွန်ကိုတော့အားလုံးသိမှာပါ။ လက်ရှိ အနုပညာအလုပ်များစွာနှင့်အတူ ကြော်ငြာဗီဒီယိုများစွာရိုက်ကူးနေကြောင်း သိရပါတယ်။ လက်ရှိ ကိုရီးယားနိုင်ငံကျော်မင်းသမီးတစ်ဦးနှင့် ရုပ်ရှင်ရိုက်ကူးလျှက်ရှိကြောင်းသိရပါတယ်။  

ပရိသတ်အချစ်တော်ပိုင်တံခွန်ကတော့ မကြာသေးမီက ပြည်ပနိုင်ငံတွေမှာ သွားရောက်ကြော်ငြာရိုက်ကူးနေပြီး သူနှင့်အတူ မော်ဒယ်မင်းသမီးချောAlice Ong တို့လည်းပါဝင်ခဲ့တာတွေ့ရပါတယ်။ လက်ရှိ ပိုင်တံခွန်ကတော့ သူ့ရဲ့ ဖေ့စ်ဘွက်စာမျက်နှာပေါ်တွင်ကမ်းခြေအလှနှင့်အတူ နှစ်ယောက်သား ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာတွေ့ရပါတယ်။  

ပိုင်တံခွန်ချစ်ပရိသတ်တွေအားလုံးကို မျက်လုံးပြူးစေလောက်အောင်ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်ကြီးတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ သဝန်တိုလောက်အောင်ရိုက်ပြခဲ့တဲ့ ပိုင်တံခွန်နှင့်Alice Ongတို့ရဲ့ ရိုမန်တစ်ဆန်ဆန်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos -Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။