ဒီအဖြစ်အပျက်လေးကတော့ အင်ဒိုနီးရှားနိုင်ငံ အနောက် ပါပွာပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အင်ဒိုနီးရှားနိုင်ငံ အနောက် ပါပွာပြည်နယ်မှာ ဒေသခံ တစ်ဦး မိကျောင်းအကိုက်ခံရမှုကြောင့်ယခုလို မိကျောင်း အကောင် ၃၀၀ ကိုပြန်လည် ဂလဲ့စားချေ တဲ့အနေနဲ့ သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

ယခုလို သတ်ဖြတ်မှုတွေဟာ ရာဇဝတ်မှုမြောက်ပြီး ထောင်ဒဏ် ဒါမှမဟုတ် ဒဏ်ကြေးချမျတ်ခံရနိုင်တယ်လို့လည်းသိရပါတယ်။ဒီမိကျောင်းများဟာ အင်ဒိုနီးရှားနိုင်ငံ မျိုးမသုန်းအောင် ကာကွယ်စောင့်ရှောက်ထားတဲ့ တိရစ္ဆာန်မျိုးနွယ်စုတွေလို့လည်းသိရပါတယ်။

အမှုဖြစ်စဉ်ကတော့သောကြာနေ့မနက်က အင်ဒိုနီးရှားနိုင်ငံ အနောက် ပါပွာပြည်နယ်နေ ရွာသားတစ်ဦးဟာ သူမွေးထားတဲ့ကွဲျနွားတွေအတွက် မိကျောင်းကန်မှာ အသီးအရွက်တွေ သွားရှာနေတုန်းမိကျောင်းအကိုက်ခံခဲ့ရတာဖြစ်တယ်လို့လည်းသိရပါတယ်။မိကျောင်းကိုက်ခံရပြီးသေဆုံးသွားတဲ့ ရွာသားကို စနေနေ့မှာ အသုဘကျင်းပခဲ့ပြီးနောက်မှာတော့ ဒေါသအမျက်ထွက်ခဲ့ကြတဲ့ဒေသခံရာပေါင်းများစွာက တုတ်တွေ၊ဓါးတွေကိုင်ပြီး မိကျောင်းကန်ကိုချီတက်သွားကြတာဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီနောက်မှာတော့ မိကျောင်းကန်ထဲကမိကျောင်း အကောင် ၂၉၂ကောင်ကို သတ်ဖြတ်လိုက်ကြတယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။