ဦးကိုနီအား လုပ်ကြံပစ်ခတ်သူကို ကူညီဖမ်းဆီးပေးသော Taxi ယာဉ်မောင်းလည်း အပစ်ခံရကာသေဆုံး

လူသတ်တရားခံသေနတ်သမားမျက်နှာကို အုတ်ခဲနဲ ့ထုတားဆီးခဲ့ရာတွင် ကျဉ်ဆန်ထိမှန်အသက်စတေးခဲ့ရသည့်

Taxi သမားဦးလေးကြီးဟု သိရှိရပါသည်။

သူ ့အသက်စွန် ့အားထုတ်မှုကြောင့် တရားခံကိုတားဆီးနိုင်ခဲ့သည်ဟု သိရှိရပါသည်။

ဦးကိုနီအား သေနတ်ဖြင့် လုပ်ကြံပစ်ခတ်သူအား ကူညီဖမ်းဆီးပေးသူ Taxiယာဉ်မောင်း တစ်ဦးလည်း သေဆုံးသွားကြောင်း နောက်ဆက်တွဲသတင်းများအရ သိရသည်။

သေဆုံးသွားသူမှာ ရန်ကုန်လေဆိပ်၌ Taxi မောင်းနေသူ ဦးနေဝင်း (၄၂)နှစ် ဖြစ်ပြီး လုပ်ကြံပစ်ခတ်သူအား ဝင်ရောက်ဖမ်းဆီးရန်ကြိုးစားမှုကြောင့် အပစ်ခံရခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။

ရဲတပ်ဖွဲ့ဝင်များ မရောက်လာမီအချိန်တွင် Taxi ယာဉ်မောင်းများက လုပ်ကြံပစ်ခတ်သူအား ၀ိုင်းဝန်းဖမ်းဆီးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- သေဆုံးသူ ဦးနေဝင်းမောင်းနှင်ခဲ့သော Taxi)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။