မကြာသေးခင်က ဖြစ်ပေါ်နေတဲ့ သီဟတင်စိုးရဲ့ အမှုကိစ္စ ဟာ လူမှုကွန်ယက်စာမျက်နှာ တွေပေါ်မှာ အာရုံစိုက်ခံနေရတဲ့ ကိစ္စတစ်ရပ်လည်းဖြစ်ပါတယ် ။ အမှုထဲက တချို့သောကွဲလွဲနေတဲ့အချက်အလက်တွေကို ဖော်ထုတ်ခဲ့တာ ကတော့ ဇင်မာဦး ရဲ့အမဖြစ်သူ ဒေါ်ကေသီဦး ဖြစ်ပါတယ် ။ ဒေါ်ကေသီဦး ရဲ့ ဖွင့်ဟပြောဆိုခဲ့တဲ့ အချက်အလက်တွေကြောင့် အမှုကို အာရုံစိုက်နေကြတဲ့ သူတွေကို သို့လောသို့လောဖြစ်စရာတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ ။

ယမန်နေ့က လူမှုကွန်ယက်ပေါ်ကနေ Kay Thi Oo အမည် နဲ့ အကောင့် ပိုင်က ဒီအချက်တွေကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ် ။ သူမပြောပြတာကတော့ အခုလိုပါ " ကျွန်မ ဒေါ်ကေသီဦးပါ ဇင်မာဦး ရဲ့အမဖြစ်ပါတယ် ?အခု online ပေါ်မှာတွေ့ရှိနေတဲ့ ခင်မာညို(ခ)ခင်မာမြင့် ထွက်ချက်တွေကမဟုတ်မမှန်တဲ့အတွက် ပြန်လည်ဖြေရှင်းခြင်းဖြစ်ပါတယ်။ ကျမအမေက သူတို့ပြောသလို မျက်စိမမြင် နားကန်းတယ်ဆိုတာမဟုတ်ပါဘူး ကျမအမေက အသက် ၈၃ နှစ်ရှိပါပြီ အသက်အရွယ်ကြောင့် မှတ်ညဏ် ချို့ယွင်း တာပဲဖြစ်တာပါ နားလည်းကောင်းတယ် မျက်စိလည်းကောင်းပါတယ်၊ သူကပွဲစားမပါဘူး သူ့အဒေါ်နဲ့လာတာလို့ပြောတယ်အဲ့ဒါလည်း မဟုတ်ပါဘူး ကျမကိုယ်တိုင် ထွန်းတောက် အကျိုးဆောင်ကို ဖုန်းဆက်ပြီး ရှာခိုင်းတာပါ၊ကျမကို ထွန်းတောက်အကျိုးဆောင်ကပွဲစားဒေါ် ညို ရဲ့ ဖုန်းနံပါတ်ရှိတာနဲ့ ဖုန်းဆက်လိုက်တာ ခင်မာညို ရှိတယ် အရင်လည်း တစ်လအိမ်မှာ လုပ်သွားတာပဲဆိုလို့လုပ်ဖူးတဲ့လူမို့ခေါ် လိုက်တာပွဲခ တစ်သိန်းခွဲ ပေးပြီးခေါ်လိုက်တာလေ သူအခုတစ်ခေါက်အလုပ်မဝင်ခင် ကြားထဲမှာ ၂လပဲခြားပါတယ် ယောက်ကျားနေမကောင်းဘူးဆိုပြီးပြန်သွားတာလေ မလုပ်ဖူးဘူးဆိုတာလိမ်တာပါ သူတို့ဘက်ကပဲ ပွဲစားဒေါ်ညိုကိုယ်တိုင် သက်ဆိုင်ရာလူကြီးတွေနဲ့ သိန်းတစ်ရာ လာတောင်းတယ်လေ အဲ့တာကောထည့်မပြောဘူးလား ? သက်သေတွေအကုန်ရှိတယ်။ ကျမ အမေ နားကောင်းမကောင်း မျက်စိမြင်မမြင်စကားပြောနိုင်မနိုင်ဆိုတာ အဲ့ video file ကသက်သေပါပဲ။" လို့ ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ သူငယ်ပြန်နေတာကလွဲရင် သီဟတင်စိုး ရဲ့ ယောက္ခမဖြစ်သူဟာ ထူးထူးခြားခြား ကျန်းမာရေး ချို့တဲ့မနေတာကို တွေ့ရမှာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာ တော့ ယခုအချိန်ထိ သီဟတင်စိုး ကို အမှုဖွင့်ထားတာဖြစ်ပေမယ့်လို့ လာရောက်အစစ်ဆေးခံခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ လတ်တလော အကျူးလွန်ခံထားရတယ်လို့ ပြောပြလာတဲ့ မခင်မာညိုကို လက်ရှိ အနေအထားမှာ ဆေးစစ်ချက်နဲ့ အခြား ရဲလုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ ပရိသတ်ကြီးရေ ၊ သီဟတင်စိုးရဲ့ အမှုအပေါ်မှာ မိမိတို့ရဲ့အမြင်တွေ ၊ ကို ပြောပြပေးသွားကြပါဦးနော်။

Source - Kay Thi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။