လူငယ်ပရိသတ်တွေရဲ့ အချစ်တော်အနုပညာရှင်နှစ်ဦးဖြစ်ကြတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသားချောလေး ကျော်ထက်အောင်နဲ့ အေးချမ်းတဲ့အလှပိုင်ရှင်မလေးဖြစ်တဲ့ မင်းသမီးချောလေးပိုးကြာဖြူခင်တို့ကတော့ လိုက်ဖက်တဲ့ စုံတွဲလေးအဖြစ် ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်..။

လတ်တလော MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ “မိုးကောင်းကင်အိပ်မက်” ဆိုတဲ့ဇာတ်ကားလေးမှာ ကာရံဟိန်းနဲ့ ဆိုင်းမိုင်တို့အဖြစ်အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ သူတို့နှစ်ဦးကတော့ ချစ်စရာကောင်းတဲ့ စုံတွဲပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကိုအသည်းယားအချစ်ပိုစေလိုက်ပါတယ်..။

စုံတွဲလေးအဖြစ်ရိုက်ကူးထားတဲ့ ရိုက်ကွင်းပေါ်မှာအမှတ်တရဓာတ်ဖမ်းခဲ့တဲ့ ချစ်သူစုံတွဲတွေကြားက ကြည်နူးပျော်ရွှင်စရာပုံရိပ်လေးတွေကို ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်တာပဲ ဖြစ်ပါတယ်..။

အမှတ်တရဓာတ်ပုံလေးတွေပြန်လည်မျှဝေရင်း ကာရံဟိန်းနဲ့ ဆိုင်းမိုင်တို့ရဲ့ ပရိသတ်တွေအတွက်လည်း မင်းသမီးချောလေးပိုးကြာဖြူခင်က ချစ်စဖွယ်စကားလေးတွေ ရေးသားမေးထားတာလည်း တွေ့ရပါတယ်..။

“ဒီနေ့နဲ့မနက်ဖြန် ဘာဆက်ဖြစ်မှာလဲ.. ကာရံဟိန်း နဲ့ ဆိုင်းမိုင် ကရော မိုးကောင်းကင်အိပ်မက် မှာ ဘာတွေဆက်ဖြစ်ကြမှာလဲ ဆင်စခန်းကျေးရွာလေးမှာ စတွေ့ကြမဲ့ သူတို့နှစ်ယောက်ရဲ့ ကံတရားကရော???? ဘာတွေဆက်ဖြစ်လာမှာလဲ ????...” ဆိုပြီးလည်း ချစ်စဖွယ်ရေးသားထားပါသေးတယ်..။

ချစ်စရာကောင်းပြီးလိုက်ဖက်ညီတဲ့ သူတို့အနုပညာမောင်နှမနှစ်ယောက်ရဲ့ စုံတွဲပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။