နာမည်ကြီး Lenovo ကုမ္ပဏီကတော့ အလင်းရောင်ကို လိုက်ပီးတော့ အရောင်းပြောင်းသွားနိုင်တဲ့ စမတ်ဖုန်းတစ်လုံးကို ကြေငြာခဲ့ပါတယ်။ ဒီဖုန်းလေးကတော့ Lenovo Z5 ဖြစ်ပြီး သိပ်မကြာခင်က ဈေးကွက်မှာ ရောက်ရှိနေပီးသား ဖြစ်သော်လည်း Aurora အရောင်နဲ့ကတော့ အခုမှ စတင် မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီဖုန်းလေးကတော့ အလင်းရောင်ကိုလိုက်ပြီး အပြာကနေ ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီဖုန်းလေးကတော့ စွမ်းရည်ကတော့ CPU ပိုင်းမှာဆိုရင်တော့ Qualcomm ရဲ့ Snapdragon 636 SoC ကို အသုံးပြုပေးထားပြီး မျက်နှာပြင်ပိုင်းမှာတော့ ၆.၂လက်မရှိပြီး Full-HD+ Display ကို အသုံးပြုပေးထားပါတယ်။ Memory ပိုင်းမှာဆို၇င်တော့ 6GB RAM , 128GB Storage ပါရှိပြီး Android Version ကတော့ Android 8.1 Oreoကို အသုံးပြုပေးထားပါတယ်။

Camera ပိုင်းမှာတော့ AI လုပ်ဆောင်ချက်များ ပါဝင်ပြီး 4K ဗီဒီယိုများ ရိုက်ကူးနိုင်တဲ့ 16MP+8MP Dual Camera Setup ကို နောက်ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ ရှေ့ဘက်မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ 8MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3300mAh ထည့်သွင်းထားပြီး 15W အမြန်အားသွင်းစနစ် ပါဝင်မှာ ဖြစ်ပါတယ်။ ဈေးနှုနန်းကတော့ ယွမ် ၁၇၉၉ ( ၂၇၀ ဒေါ်လာ ) တန်ဖိုး၇ှိတယ်လို့ သိရပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။