လက်ရှိပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ လူငယ်အနုပညာရှင်လေးတွေထဲမှာ မင်းသမီးချောလေး စံရတီမိုးမြင့်ကလည်း အပါအဝင်ပါပဲနော်။အနုပညာလောကကို မော်ဒယ်သရုပ်ဆောင်တစ်ယောက်အဖြစ်နဲ့ ဝင်ရောက်လာခဲ့တဲ့သူမကတော့ ချွဲချဲပြစ်ပြစ် စကားပြောသံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေပိုမိုသတိထားမိလာခဲ့တာပဲ ဖြစ်ပါတယ်။လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကားပေါင်းများစွာနဲ့ ပရိသတ်တွေရင်ထဲနေရာယူထားတဲ့ မင်းသမီးလေးတစ်လက်ပဲ ဖြစ်ပါတယ်။ 

သူမကတော့ သေးသွယ်ကျစ်လစ်တဲ့ ခန္ဓာကိုယ်လေးနဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှတွေကိုပိုင်ဆိုင်ထားတာကြောင့် လူကောင်သေးသေးလေးဆိုပေမယ့် စွဲဆောင်မှုပိုင်းမှာ အဆိပ်ပြင်းတဲ့ နတ်သမီးတစ်လက်ပဲ ဖြစ်ပါတယ်။လက်ရှိလူမှုကွန်ယက်မှာလည်း သူမရဲ့ ပွဲတက်ဝတ်စုံအမိုက်စားလေးနဲ့ ပုံရိပ်လေးတွေဟာ အရမ်းကိုလူပြောများနေပြီး ပရိသတ်တွေကို သဘောကျစေခဲ့ပြန်ပါတယ်။ဒီတစ်ခါမှာတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးမဟုတ်တော့ပဲ ညို့ချက်ပြင်းတဲ့ ဆွဲဆောင်မှုရှိသူ ကောင်မလေးအဖြစ်မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။ 

သူမကတော့ မဟူရာကျောက်နက်ရောင် အမိုက်စား evening gowns ဝတ်စုံလေးနဲ့ နတ်သေကြွေနတ်သမီးလေးတစ်ပါးလိုလှပနေ တဲ့ပုံရိပ်လေးတွေ မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။သူမရဲ့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်လေးနဲ့ အချိုးစားညီညီ အပိုအလိုမရှိကွက်တိဖြစ်နေ တဲ့ပွဲတက်ဝတ်စုံလေးနဲ့ သူမရဲ့ မှော်ဆန်တဲ့အလှတွေရဲ့ ပေါင်းစပ်မှုကတော့ တကယ့်ကိုအံ့သြမှင်သက်စရာအလှတွေကို ဖြစ်ပေါ်စေခဲ့တာပဲ ဖြစ်ပါတယ်။အနီရောင်နှုတ်ခမ်းပါးလေးနဲ့ မဟူရာမင်းသမီးလေးစံရတီမိုးမြင့်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - စံရတီမိုးမြင့် IG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။