မေမြတ်နိုးကတော့ အဆိုတော်အဖြစ်ရော၊ စူပါမော်ဒယ်အဖြစ်ပါ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့သူ ဖြစ်ပါတယ်။ အိပ်မက်ဆုံရာ Season 6 ရဲ့ ပရိသတ်တွေအားပေးခဲ့တဲ့ အဆိုတော်တစ်ဦးဖြစ်ခဲ့သလို Miss Asia Pacific World 2014ဆုကိုလည်း တောင်ကိုရီးယားနိုင်ငံမှာ ရရှိခဲ့သူ ဖြစ်ပါတယ်။ ပိန်သွယ်လှပတဲ့ Body ကိုပိုင်ဆိုင်ထားပြီး ဖက်ရှင်အမိုက်စားတွေကြောင့် အောင်မြင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်ငံခြားမော်ဒယ်တစ်ဦးလိုအလှမျိုးနဲ့ မေမြတ်နိုးက Clear ခေါင်းလျှော်ရည်ကြော်ငြာနဲ့အတူ ပရိသတ်တွေရဲ့ စိတ်ဝင်စားအားပေးမှုကို ပိုမိုရရှိခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ သူမက အခုဆို မင်းသမီးတစ်ဦးအဖြစ် ဇာတ်ကားတွေရိုက်ကူးလာတာ တွေ့ရပါတယ်။သူမက ကြော်ငြာမဂ္ဂင်းမျက်နှာဖုံးတွေများစွာကိုလည်း ရိုက်ကူးနေရပြီး Sai Lipstick ကြော်ငြာမှာလည်း Confident ရှိရှိ အမိုက်စားပုံစံနဲ့တွေ့မြင်ခဲ့ရပါတယ်။

လတ်တလောမှာတော့ မေမြတ်နိုးက ပွဲအခမ်းအနားတွေကို တက်ရောက်နေသလို Photo shooting တွေလည်း ရိုက်ကူးနေရပါတယ်။ အသားညိုညိုလေးနဲ့ တစ်မူထူးခြားတဲ့သူမက လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်သူလည်း ဖြစ်ပါတယ်။ အခုလည်း သူမကို shootingတစ်ခုမှာ အနက်ရောင်အင်္ကျီအလန်းလေးနဲ့အတူ အားလုံးငေးရလောက်အောင် ဘိုဆန်ပြီးလှနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမြတ်နိုးရဲ့ ဖက်ရှင်အလန်းစားနဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Source: May Myat Noe; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။