ဇူလှိုင်လ(၁၃) ရက် ၊ ရုံတင်ပြသတဲ့ တိမ်တိုက်တံတား ရုပ်ရှင် ဇာတ်ကားကြီးကတော့ လက်ရှိမှာ ကြည်ရှူ့သူ ပရိသတ်တွေကို မျက်ရည်စို့ စေခဲ့တဲ့ ဒရမ်မာဇာတ်လမ်းကောင်း လေး ဖြစ်ပါတယ်။ ဒါရိုက်တာ သြရသ ရိုက်ကူးပြီ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားချော နေတိုး ၊ မင်းသမီ ခင့်ဝင့်ဝါ ၊ ထွန်းထွန်း၊ နဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန့် တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရှမ်းပြည်တောင်ပိုင်းက ရှမ်းရွာလေးဖြစ်တဲ့ နမ့်ပန်မြို့ကလေးကို နောက်ခံထားလို့ အကျိုးပြုစောင့်ရှောက်ပေးချင်တဲ့စေတနာဝန်ထမ်းကောင်းတွေကို ဂုဏ်ပြု လို့ ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ အချစ်၊ သံယောဇဉ် ၊ စေတနာ ၊ ခွင့်လွတ်ခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှု တွေ့ အပြည့် တွေ့ မြင်ရပြီး တကယ်ကို ဝမ်းနည်းစရာအတိနဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်ဝင်တေး သီချင်းတွေကို " ချယ်ရီပင်အောက် နောက်တခေါက် "- အောင်ထက်၊ " အမြဲပဲ ရှိနေစေချင်လိုက်တာ "-မိုးဈာန် ၊ တို့ အပြင် အခြားသော သီချင်းကောင်းလေးတွေ နဲ့ တင်ဆက်ထားပါတယ်။

ပရိသတ်တွေ အနုပညာရှင်တွေ အားလုံးနီးပါး ကြည်ရှူ့ သူတွေရဲ့ Feedback ကောင်းတွေ ရရှိထားပြီး လက်ရှိမှာတော့ တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကား Promotion ပွဲကို ဇူလိုင်လ (၁၅) ရက်နေ့က ရန်ကုန်၊ Junction City မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ Promotionပွဲမှာ အဓိက သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ နေတိုး ၊ မင်းသမီ ခင့်ဝင့်ဝါ ၊ ထွန်းထွန်း၊ နဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရန့် တို့ အပြင် အဖွဲ့သားတွေ အားလုံးနီးပါး တက်ရောက် လက်မှတ် ထိုးခဲ့ကြပါတယ်။တိမ်တိုက်တံတားကို ချစ်မြတ်နိုးကြတဲ့ ပရိသတ်တွေ များစွာ တက်ရောက်ခဲ့ကြပြီး ချယ်ရီပင်အောက် နောက်တခေါက် သီချင်းနဲ့ ပရိသတ်တွေကို ပြန်လည်ဖျော်ဖြေ ပြီး မျက်ရည်တိတ်စေခဲ့ပါတယ်။

source: Htin Aung Tun; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။