အမြဲလိုလို မြန်မာဝတ်စုံလေးတွေဝတ်လေ့ရှိပြီး ပရိသတ်တွေကို ဖမ်းစားတက်သူလေး အေးချမ်းမိုးကတော့ယခုအခါမှာလည်း လှပကျော့ရှင်းတဲ့ မြန်မာဝတ်စုံလေးနဲ့ အသစ်တစ်ဖန် ဖမ်းစားလိုက်ပြန်ပါပြီ။သူမကတော့ဆရာဝန်တစ်ယောက်လည်းဖြစ် အနုပညာရှင်တစ်ယောက်လည်းဖြစ်တဲ့အပြင် ပရိသတ်အချစ်တွေကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမရဲ့ လိုက်ဖက်တဲ့ မြန်မာဝတ်စုံလေးနဲ့ ဓာတ်ပုံလေးတွေကတော့ တကယ့်ကို ချစ်စရာကောင်းနေပြန်ပါတယ်။ရိုးရှင်းပြီး ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေက မြင်ရသူပရိသတ်တွေတိုင်း ရင်ကိုအေးမြစေနိုင်ပါတယ်။နန်းဆန်တဲ့ အလှတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဆိုလည်းမမှားပါဘူး။

လက်ရှိမှာတော့ သူမဟာ ပွဲတွေတက်ဖြစ်နေပြီး အနုပညာလှုပ်ရှားမှုတွေအနေနဲ့လည်း အစီအစဉ်တင်ဆက်သူအဖြစ်လည်းမကြာခဏဆိုသလို တွေ့မြင်ရပါတယ်။သူမရဲ့ မြန်မာဆန်တဲ့ အလှနဲ့ ဓာတ်ပုံလေးတွေကိုတော့ ပရိသတ်တွေသဘောကျမိမှာပါ။သူမကိုချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့မြန်မာဆန်တဲ့အလှနဲ့ ဓတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်...

သတင်းအရင်းအမြစ်-အေးချမ်းမိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။