ပြီးခဲ့တဲ့ 13.7.2018 ရက်နေ့က သရုပ်ဆောင်သီဟတင်စိုးရဲ့ နေအိမ်မှာ အိမ်အကူလုပ်တဲ့ အမျိုးသမီးဖြစ်သူ မခင်မာညို (ခ) မခင်မာမြင့်ကို သရုပ်ဆောင်သီဟတင်စိုးက အဓမ္မပြုကျင့် သည်ဟုဆိုတာ 14.7.2018 မှာတော့ သုဝဏ္ဏရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ (၃၇၆) နဲ့ မခင်မာမြင့်က တရားလိုပြုလုပ်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီးတော့ သရုပ်ဆောင်သီဟတင်စိုးကို နေအိမ်မှာသွားရောက်ရှာဖွေပေမယ့် မတွေ့ရှိခဲ့ပဲ ယနေ့ ထက်တိုင် ဆက်သွယ်လို့မရနိုင်တာပဲဖြစ်ပါတယ်။

ဒီအမှုဖြစ်စဉ်နဲ့ပက်သက်ပြီး တစ်နိုင်ငံလုံးကစိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ ပက်သက်ပြီး နစ်နာသူအမျိုးသမီးကို မေးမြန်းရာမှာလည်း သူမက ဖြစ်စဉ်ကိုပြန်လည်ပြောပြ ခဲ့ပြီး အမှုကိုလည်း မကျေအေးပေးနိုင်ဘူးလို့ဆိုပါတယ်။ ဒီလိုဖြစ်ရပ်တွေ ဖြစ်ပြီးနောက်ပိုင်း မှာတော့ နစ်နာသူ အမျိုးသမီးဟာ ယခင်ကလည်း အလားတူဖြစ်ရပ်မျိုးတွေ ဖြစ်ပွားခဲ့ဖူးတယ် ဆိုတဲ့ အကြောင်းအချက်တွေဟာ လူမှုကွန်ယက်ပေါ်မှာ ပြန်နှံ့လာတာပဲဖြစ်ပါတယ်။

ဒီလိုပျံ့နှံ့လာတဲ့အကြောင်းအရာတွေနဲ့ပက်သက်လို့ မှန်သည်မှားသည်ဆိုတာတော့ ဘယ်သူကမှအတိအကျမသိသေးပဲ စစ်ဆေးနေဆဲကာလပဲ ဖြစ်ပါတယ်။ နစ်နာသူ အမျိုး သမီးဟာ အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သူမရဲ့သားဖြစ်သူ အသက်ဆယ့်ရှစ်နှစ် အရွယ် ဖြစ်ကာ အိမ်ထောင်ရက်သား ကျသွားပြီလို့လည်းဆိုပါတယ်။ သူမနဲ့ပက်သက်တဲ့ ယခင်က အကြောင်းအချက်တွေကို ပြောပြသူတွေလည်းအများအပြားရှိနေပြီး အမှုမှန်ပေါ်ပေါက် ဖို့တော့ အားလုံးကမျှော်လင့်နေကြပါတယ်။

Photo - Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။