မိုးစက်ဝိုင်ဟာ ပရိသတ်တွေသိပြီးဖြစ်တဲ့ မော်ဒယ်သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ် ။ သူမဟာ Miss Myanmar 2013 ဆုကိုရရှိခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက် လာခဲ့တာဖြစ်ပါတယ် ။ သူမရဲ့အရပ်က 5'10'' ဖြစ်ပြီး သူမဟာ နိုင်ငံတကာနဲ့ရင်ပေါင်တန်း နိုင်တဲ့ မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ် ။ လက်ရှိမှာတော့ သူမဟာ ရှန်ဟိုင်းမြို့ကိုရောက်ရှိနေတာဘဲ ဖြစ်ပါတယ် ။

သူမဟာ တရုတ်နိုင်ငံရှန်ဟိုင်း မြို့ကို အလုပ်ကိစ္စနဲ့ရောက်ရှိနေတာဖြစ်ပြီး ပထမရက်တွေမှာ ရှန်ဟိုင်းမြို့မှာ လျှောက်လည်နေခဲ့တာပါ ။ ကွန်ကျိုးမြို့ကိုရောက်ရှိတဲ့အချိန်မှာတော့ လည်တာတွေရပ်ပြီး အလုပ်တွေ စလုပ်ပါတော့မှာပါ ။ သူမက ရှန်ဟိုင်းမြို့မှာရိုက်ခဲ့တဲ့ လက်ကျန်ပုံရိပ်လေးတွေကို

" ဒီတခါတော့ကျောင်းသူမဟုတ်တော့ဘူး ဟိုနေ့ကတင်တဲ့ ကျောင်းသူဝတ်စုံနဲ့ ပုံက ၁၉၄၀ လောက်ကရှန်ဟိုင်းမှာ ဂျပန်ကျောင်းသားတော်လှန်ရေးဘဝပေါ့ ဒါကခုဘဝပါ .

ခုဘဝကမြန်မာပြည်က ရှန်ဟိုင်းလာလည်တဲ့ လူရိုးကြီးမိုးစက်ဝိုင်.. သူဘယ်နှစ်ကြိမ်ပဲ ရွေးရရ, သူ့အချစ်ဆုံးကမြန်မာပြည်ပါပဲ " ဆိုတဲ့စာသားနဲ့အတူ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာက နေတစ်ဆင့် ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ ။

သူမရဲ့ ရှန်ဟိုင်းမြို့ကြီးမှာ လန်းနေတဲ့ ချစ်စရာပုံရိပ်လေးတွေကိုကြည့်ပြီး ကြည်နူးရတာမို့ပရိတ်သတ်ကြီး ကြည့်ရူ့နိုင်စေရန်ဖော်ပြပေးလိုက် ပါတယ်။အနုပညာအလုပ် တွေနည်းပါးနေပေမဲ့လည်း သူမလတ်တလောလူပ်ရှားမှုများကို သူမရဲ့ဖေ့ဘွတ် စာမျက်နှာပေါ်တွင်ပရိတ်သတ်များတွက် ဖော်ပြပေးလေ့ရှိကြောင်းတွေ့ရပါတယ်။

Source : Moe Sat Wine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။