ဇူလှိုင်လ(၁၃) ရက် ၊ ရုံတင်ပြသတဲ့ တိမ်တိုက်တံတား ရုပ်ရှင် ဇာတ်ကားကြီးကတော့ ရှမ်းပြည်တောင်ပိုင်းက ရှမ်းရွာလေးဖြစ်တဲ့ နမ့်ပန်မြို့ကလေးကို နောက်ခံထားလို့ အကျိုးပြုစောင့်ရှောက်ပေးချင်တဲ့စေတနာဝန်ထမ်းကောင်းတွေကို ဂုဏ်ပြု လို့ ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာ အချစ်၊ သံယောဇဉ် ၊ စေတနာ ၊ ခွင့်လွတ်ခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှု တွေ့ အပြည့် တွေ့ မြင်ရပြီး တကယ်ကို ဝမ်းနည်းစရာအတိနဲ့ဒရမ်မာ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ လက်ရှိမှာ ပရိသတ် ကြည်ရှူ့ သူတွေကို မျက်ရည်ဝမ်းနည်း စေခဲ့သလို စို့ စေခဲ့သလို ပရိသတ်တွေသာမက အနုပညာရှင်တွေကပါ Feedback ကောင်းတွေ ရရှိထားတဲ့ ဒရမ်မာဇာတ်လမ်းကောင်း လေး ဖြစ်ပါတယ်။

ဒါရိုက်တာ သြရသ ရိုက်ကူးပြီ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားချော နေတိုး ၊ မင်းသမီ ခင့်ဝင့်ဝါ ၊ ထွန်းထွန်း၊ နဲ့ ဗီယက်နမ်မင်းသမီးလေး ငုရင်ထရမ် တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီတိမ်တိုက်တံတားရဲ့ ရုပ်ရှင် ဇာတ်ဝင်တေး သီချင်းတစ်ပုဒ် ဖြစ်တဲ့ " ချယ်ရီပင်အောက် နောက်တခေါက် " သီချင်းကတော့ ဒီရုပ်ရှင်ဇာတ်ကား တစ်ခုလုံးရဲ့ အသက်လို့ ဆိုရမှာပါ။

" ချယ်ရီပင်အောက် နောက်တခေါက် " ရှမ်းတိုင်းရင်းသား တေးသံရှင် စိုင်းထီဆိုင်း ၊ ကိုယ်တိုင်ရေးစပ်သီဆိုထားပြီ ဒီရုပ်ရှင်ဇာတ်လမ်းထဲမှာ ပြန်လည် အသုံးပြု ဖို့ အတွက် အိမ်မက်ဆုံရာ အဆိုတော် အောင်ထက် ကပြန်လည်သီဆိုထားပြီး ဒီဇာတ်လမ်းမှာ ပြန်လည် အသုံးပြုထားပါတယ်။" ရင်ခုန်စေတဲ့ ရှမ်းအိုးစည်သံ ကြားတိုင်းကွယ်၊ ပြန်မြင်ယောင်မိတယ် တို့ အတူတူ ကတဲ့ညရယ်..." ဆိုတဲ့ လိုက်ဖက်တဲ့ ဇာတ်ဝင်ခန်းတချို့ နဲ့ ဝမ်းနည်းမှုတွေ ဖြစ်တည်လာအောင် ပံ့ပိုးထားနိုင်တာကို တွေ့ရပါတယ်။

ဒီ သီချင်းလေးကို အောင်ထက် ရဲ့ သီဆိုမှုကို အားကျလို့ အိမ်မက်ဆုံရာ အဆိုတော် တစ်ဦးဖြစ်တဲ့ ဝိုင်းလေးကလည်း ပြန်လည်သီဆိုခဲ့ပါတယ်။ ယောကျာ်းလေးသံ မိန်းကလေးသံ ၊ အသံ အနိမ့်အမြင့် မတူညီပေမဲ့လည်း ဝိုင်းလေးရဲ့ ရိုးရှင်းတဲ့ ဂစ်တာတစ်မျိုးတည်း နဲ့ ဖျော်ဖြေမှုလေးကလည်း တကယ်ကို နားထောင်လို့ ကောင်းနေပါတယ်။

source:Wint Yee Shunn ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။