ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းမပေါ်အတွင် ဓာတ်လိုက်သေဆုံးခဲ့တဲ့ အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းဟာ မသေဆုံးသင့်ဘဲ မတော်တဆ ဓာတ်လိုက်သေဆုံးခဲ့ပါတယ်။ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဓာတ်လိုက်သေဆုံးတဲ့ မောင်မျိုးမင်းထွန်းအား ရေဝေးသုသာန်သို့ မီးသဂြိုဟ်ရန် ပို့ဆောင်ခဲ့ပြီး သူငယ်ချင်းတွေ ကျောင်းသားမိဘတွေ မိဘတွေကတော့ မျက်ရည်မထိန်းနိုင်ဘဲ ငိုကြွေးခဲ့ပါတယ်။ 

ရန်ကုန်ယူနိက်တတ်ကစားသမားတွေဖြစ်တဲ့ သန်းပိုင် မောင်မောင်လွင် ရန်အောင်ကျော် အီစိုး တို့က ဓာတ်လိုက်သေဆုံးတဲ့ ကျောင်းသားလေး မောင်မျိုးမင်းထွန်းရဲ့ နာရေးအိမ်သို့ လူကိုယ်တိုင် သွားရောက်ကာ ကျန်ရစ်သူမိသားစုနှင့် အတူ ဝမ်းနည်းကြေကွဲရကြောင်း ကိုယ်တိုင်လာရောက်ပြီး ပြောကြားခဲ့ပါတယ်။ရန်ကုန် ကစားသမားတွေအနေနဲ့ အခုလို ဝမ်းနည်းကြောင်း လူကိုယ်တိုင်လာရောက်ပြောကြားတာက ချီးကျူးစရာကောင်းပါတယ်။

အနပညာရှင်တွေကလဲ သူတို့ရဲ့လူမှုကွန်ယက်ကနေ ဝမ်းနည်းရပါကြောင်း ပြောကြားခဲ့ပြီး မြင့်မြတ် ယုန်လေးတို့ကတော့ လူကိုယ်တိုင်လာရောက်ပြီး ကူငွေ ၁၀ သိန်းထည့်ဝင်ခဲ့ပါတယ်။ဓာတ်လိုက်သေဆုံးခဲ့တဲ့ အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်း ရဲ့မိခင်ကတော့ ယနေ့အချိန်ထိ မျက်ရည်မဆည်နိုင်သေးဘဲ ဝမ်းနည်းပူဆွေးနေပါတယ်။

SOURCE: Yangon United Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။