ဝိုင်းလေးက အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အနုပညာ ရှင်တစ်ယောက်ပါ ။ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေရယ် နားဝင်ချိုတဲ့ အသံချိုချိုလေးတွေရယ်ကြောင့် ပရိသတ်အချစ်ပိုရသူလေးပါ ။ မြန်မာ ဆန်ဆန် အဝတ်စား လေးတွေနဲ့ ပိုမို လိုက်ဖက်တဲ့ သူမဟာ မြန်မာဝတ်စုံလေးတွေ ဝတ်ပြီး တက္ကသိုလ်မြေပေါ်က ပုံရိပ်လှလှလေးတွေကို သူမရဲ့ပရိသတ်တွေကို မျှဝေခဲ့ပါတယ် ။

ပန်းရောင် ရင်စေ့လက်ပြတ်လေးနဲ့ ထဘီ အစိမ်းရောင်လေး ဝတ်ပြီး ဆံပင်လေးကို ရိုးရိုး ယဉ်ယဉ် ထုံးဖွဲ့ပြင်ဆင်ထားတာ အရမ်းကို ကျက်သရေရှိရှိ လှပနေတာပါ ။ သူမရဲ့ပုံရိပ် လေးတွေက တက္ကသိုလ်ကျောင်းသူလေးများလားလို့ ထင်မှတ်မှားရ လောက် အောင် အရမ်းကို ချစ်စရာကောင်းပြီး ငယ်ရွယ်နုပျိုနေတယ်လို့ ထင်ရပါတယ် ။ အထူးသဖြင့် သူမရဲ့အပြုံးလေးတွေကတော့ ကြွေချင်စရာပါဘဲနော် ပရိသတ်ကြီး ...။

သူမရဲ့ဖန်တွေကတော့ " ဝိုင်းရဲ့အပြုံးလေးတွေက ကိုယ်တေကို ပျော်ရွှင်စေတယ် " လို့မှတ်ချက်ပေးထားကြတာတွေ့ရပါတယ် ။ " တက္ကသိုလ်ထဲက ညီမလေးတွေ ငေးရင်း ကျွန်မ ဝိုင်းလေး ကိုယ့်ကိုကိုယ် ကျောင်းသူအရွယ်မဟုတ်တော့မှန်း သံဝေဂရ" ဆိုတဲ့ စာသားနဲ့အတူ သူမရဲ့ပုံရိပ်တွေကို မျှဝေခဲ့တာပါ ။ သူမက အဆိုပညာမှာလဲ တော်တဲ့အပြင် ချစ်စဖွယ်အပြုံးလေး တွေကြောင့် ပရိသတ်အချစ်ပိုနေရတဲ့သူလေးလဲဖြစ်ပါတယ် ။ သူမရဲ့နန်းဆန် တဲ့အလှကို ဖြူစင်တဲ့အပြုံးလေးတွေ ဖြည့်စွက်ထားတဲ့ ပုံရိပ်လေးတွေကို ဝိုင်းလေးကိုချစ်တဲ့ ပရိသတ်ကြီး အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Wyne Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။