မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ မုဒိန်းမှုကျူးလွန်တယ်လို့ အစွပ်စွဲခံခဲ့ရတဲ့ သီဟတင်စိုးရဲ့ ကိစ္စဟာ မီဒီယာတွေပေါ်မှာ လူတွေစိတ်ဝင်စားမှုအမြင့်တက်ဆုံးဖြစ်ခဲ့ပါတယ် ။ ဒီလို စွပ်စွဲခံခဲ့ရတဲ့အတွက် ကာယကံရှင် သီဟတင်စိုး ရော မိသားစုဝင်တွေပါ အင်မတန်မှ စိတ်ဆင်းရဲနေရမှာလည်းအမှန်ဘဲဖြစ်ပါတယ် ။ ဒီလို မျိုး ခံစားမှုတွေသေချာပေါက်ရှိနေမယ့်သူတစ်ယောက်ရှိပါတယ ်ဒါကတော့ သီဟတင်စိုးရဲ့ ညီမဖြစ်သူ ခင်စပါယ်ဦးပါ ။

ခင်စံပါယ်ဦး တစ်ယောက် ရင်တွင်းခံစားချက်တချို့ကို လူမှုကွန်ယက်စာမျက်နှာပေါ်တင်ပြီးမိနစ်အနည်းငယ်အကြာမှာ ပြန်လည်ဖြုတ်ချခဲ့ပါတယ် ။ဒီလိုဖြုတ်ချလိုက်ရတာက သူမကို မှတ်ချက် ပေးပြီးထိုးနှက်တိုက်ခိုက်ခဲ့တဲ့ သူတစ်ယောက်ကြောင့် ဖြစ်ပါတယ်။ သူမကို ထိုးနှက်တိုက်ခိုက်နေပေမယ့် အေးအေးဆေးဆေးဖြေရှင်းတတ်တဲ့ သူမရဲ့ ချစ်စရာစရိုက်လေးကတော့အခုအချိန်ထိမပြောင်းလဲသေးပါဘူး ။ အကျိုးသင့်အကြောင်းသင့်ရှင်းပြတာကို တောင် လက်မခံတဲ့ သူတွေအတွက် " ဘာမှလာမပြောပါနဲ့လာမရေးကြပါနဲ့တော့"လို့ဆိုတဲ့ စာလေးကို တစ်နာရီခန့်တင်ပြီးပြန်လည်ဖြုတ်ကြခဲ့ပါတယ်။

အမှုအကြောင်းကိစ္စတွေကို သေသေချာချာမသိကြဘဲ အခုလို ဝေဖန်မှုတွေဟာ စောနေသေးတယ်လို့မြင်နေကြပေမယ့် သီဟတင်စိုးဘက်ကရော ၊ စွပ်စွဲတဲ့သူ ဖြစ်တဲ့ မခင်မာမြင့် ဘက်မှာရော ဝန်းရံနေကြတဲ့လူတွေကတော့အမျိုးမျိုးပါဘဲ ။ သူများမိသားစုအတွင်းရေးပြသနာတွေကို လည်း ကာယကံရှင်တွေကိုယ်တိုင်ကသာသိနိုင်တာမို့ ဝင်ရောက်မဝေဖန်သေးဘဲ အမှန်တရားပေါ်ထွက်တဲ့ အချိန်ထိစောင့်ဆိုင်းနေတာက အကောင်းဆုံးအဖြေတစ်ခုဖြစ်မှာပါ ။ ပရိသတ်ကြီးရေ စပါယ်လေး နေရာမှာ ပရိသတ်ကြီးဆိုရင်ကော ဘယ်လိုတုန့်ပြန်မလဲဆိုတာ မှတ်ချက်မှာ ရေးသွားပေးကြပ်ဦးနော်။

Source - Ayarwady Lumin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။