နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမော်ဒယ်လေးတစ်ယောက်ဖြစ်တဲ့ ဟိန်းမင်းသူကိုတော့ ပရိတ်သတ်တွေသိကြမယ်ထင်ပါတယ်။ ချောမောလှပပြီး ချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိလှတဲ့သူတစ်ဦးလဲဖြစ်သလို မြန်မာနိုင်ငံရဲ့ JB ဆိုပြီး ပရိသတ်တွေကြားမှာ ရေပန်းစားလှသူလေးတစ်ဦး ပဲဖြစ်ပါတယ်။  

တေးသီချင်းလေးတွေသီဆိုရာမှာလည်း ကောင်းမွန်လှတဲ့ ဟိန်းမင်းသူကတော့ တိုးတိုးတိတ်တိတ် ဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို စတင်သိမ်းပိုက်နိုင်ခဲ့သူလေးတစ်ဦးပဲဖြစ်ပါတယ်။

မနေ့ကဆိုရင်လည်း ဟိန်းမင်းသူဟာ သူရဲ့ လွန်ခဲ့တဲ့ ၅ လလောက်က သီချင်း Mtv လေးတစ်ပုဒ်ကို လူမှုကွန်ယက်ပေါ်မှာ update ပြန်လုပ်ခဲ့တာတွေ့ရပါတယ်။

ထိုသီချင်းလေးကတော့ No.1 Fan ဆိုတဲ့သီချင်လေးဖြစ်ပြီး သီချင်လေးထဲမှာတော့ မေမြင့်မိုရ် နဲ့ ဟိန်းမင်းသူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ 

Mtvလေးထဲမှာတော့ ဟိန်းမင်းသူဟာ မေမြင့်မိုရ်ကို ပရိသတ်တစ်ယောက်အဖြစ်ကနေ တိတ်တိတ်လေးခိုးချစ်နေတဲ့ ပုံစံလေးကို ရိုက်ကူးထားတာတွေ့ရပါတယ်။

ထိုMtv လေးရိုက်ကူးထားပုံလေးကလည်း လူငယ်တွေကြိုက်နှစ်သက်လောက်တဲ့ ပုံစံလေးကို နည်းနည်း ဆန်းသစ်တဲ့ပုံစံလေးနဲ့ ရိုက်ကူးထားကြောင့် ပရိသတ်တွေကြားမှာ အရမ်းရေပန်းစားလှတဲ့ Mtv လေးတစ်ခုပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက်လည်း မင်းသမီးလေးတစ်ယောက်ကို တိတ်တိတ်လေးခိုးချစ်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ အကြောင်းကိုပုံဖော်ရိုက်ကူးထားတဲ့ No.1 Fan ဆိုတဲ့ သီချင်း Mtv လေးကိုပါ ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။  

source - Hein Min Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။