ပရိသတ်ကြီးကို ဒီတစ်ခါဖော်ပြပေးချင်တာကတော့ ကမ္ဘာပေါ်က အသည်းတယားယား ရင်တဖိုဖို လမ်းမကြီးတွေရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီပုံရိပ်လေးတွေမှာဆိုရင် ကမ္ဘာ့အန္တရာယ်အရှိဆုံး လမ်းမတွေအကြောင်းကို ပရိသတ်ကြီး ဗဟုသုတအနေနဲ့ ကြည့်ရှုလို့ ရအောင် ဖော်ပြပေးထားပါတယ်။  

ဒီပုံထဲမှာပါတဲ့ လမ်းမကြီးတွေဟာ ယာဉ်မောင်း ကျွမ်းကျင်တဲ့ သူတွေ ဒါမှမဟုတ် လမ်းကြောင်းအထာကို သိတဲ့ သူတွေမှသာ အဆင်ပြေနိုင်မယ့် လမ်းမမျိုးဖြစ်ပါတယ်။ ဒီလို လမ်းမကြီးပေါ်မှာ မောင်းနေတုန်း သတိ တစ်ချက် လွတ်သွားတာနဲ့ မိမိရဲ့ ဘဝကတော့ မတွေးရဲစရာတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လည်း အန္တရာယ် လမ်းမကြီးတွေပေါ်မှာ သတိပေး ဆိုင်းဘုတ်တွေကို ကပ်ထားတာလည်း တွေ့ရပါတယ်။ 

တချို့ လမ်းမကြီးတွေဆိုရင် တောင်ကမ်းပါးကို ပတ်ပီး သွားရတဲ့အပြင် ဘေးနားက ထိန်းတဲ့ အကာအရံတွေလည်း မရှိတာကြောင့် ယာဉ်မောင်း တစ်ချက်သတိလွတ်သွားတာနဲ့ ကားပေါ်မှာ ပါလာတဲ့ လူတွေရဲ့ အသက်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ့ကြောင့် ပရိသတ်ကြီးအနေနဲ့ အန္တာယ်ရှိတဲ့ လမ်းမတွေပေါ်မှာ မောင်းနှင်မယ်ဆိုရင် အထူး၈ရုစိုက်ပြီး မောင်းနှင်ကြပါလို့ အကြုံပြုလိုက်ပါတယ်နော်။

Source : Bright Side

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။