ခပ်မိုက်မိုက် မင်းသားချော ဆွန်ဆောင်ဟွန်းဟာ 1976 ခုနှစ် October 5 နေ့ မှာ မွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ အသက်(၄၁) နှစ်ရှိပါပြီ။ 1995 ခုနှစ်လောက်ကတည်းကSTORM အမှတ်တံဆိပ် ဂျင်းဘောင်းဘီ brand တစ်ခုရဲ့ မော်ဒယ်လ် တစ်ဦး အဖြစ် စတင်လာခဲ့ပြီး 1996 ခုနှစ်နောက်ပိုင်းကနေ စတင်လို့ သရုပ်ဆောင် မင်းသားတစ်ဦး အဖြစ် ရပ်တည်လာခဲ့ပါတယ်။ 2000 ခုနှစ်မှာ ထုတ်လွင့်ပြသခဲ့တဲ့ Autumn in My Heart (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) တီဗွီ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်ရှိလာခဲ့ပါတယ်။

Autumn in My Heart (ဆောင်းဦးရွက်ကြွေ ချစ်သက်သေ) တီဗွီ ဇာတ်လမ်းတွဲမှာ မင်းသမီး ဆောင်းဟေဂျို နဲ့ အတူ အွန်စော ၊ ဂျွန်စော မောင်နှမ လို့ စတင်လူသိများလာခဲ့ကြပြီး ဒီ ရုပ်သံဇာတ်လမ်းတွဲရဲ့ ကြောက်ခမန်း လိလိ အောင်မြင်မှုဟာ ကိုရီးယား၊ဂျပန်၊ တရုတ် နဲ့ အာရှနိုင်ငံ(မြန်မာနိုင်ငံ အပါအဝင်) တော်တော်များများမှာ ဆောင် ကို လူသိများကျော်ကြားစေခဲ့ပါတယ်။ တရုတ်နိုင်ငံ ရဲ့ အဖိုးတန်း အလှပိုင်ရှင်လေး Liu Yifei (ကူကူး) နဲ့ The Third Way of Love ရုပ်ရှင်ဇာတ်ကားမှာ ချစ်သူတွေ ဖြစ်ခဲ့ကြသလို နမြောတသ ဖြစ်စရာကောင်းတာကတော့ သူတို့ ရဲ့ နှစ်နှစ်တာ အချစ်ဇာတ်လမ်းလေးက ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

ဆောင် နောက်ဆုံးရိုက်ကူးခဲ့တဲ့ ရုပ်သံ ဇာတ်လမ်းတွဲ့တော့ Black ဖြစ်ပြီး မင်းသမီး နဲ့ အတူ သရုပ်ဆောင်ထားပါတယ်။ supernatural crime thriller အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းတွဲမှာ သာမာန်ဇာတ်ရုပ်တွေနဲ့ မတူပဲ ခပ်ဂျစ်ကန်ကန် နဲ့ ဘုကလန် ဟာသ၊ အလွဲတွေနဲ့ အတူ အချစ်ခန်းတွေကို သိပ်ဦးစားပေးထားတာမျိုး မရှိပဲ ပြစ်မှုဆိုင်ရာ အမှုအခင်းတွေကို အသားပေးရိုက်ကူးထားတာဖြစ်ပါတယ်။ 2014 ခုနှစ်က ပြသခဲ့တဲ့ Obsessed ဆိုတဲ့ ဆောင် ရဲက ရုပ်ရှင်ဇာတ်လမ်းတွဲ ဟာ လည်း ဟောလီဝုဒ် ဇာတ်လမ်းတွေကို ထိုးဖောက်နိုင်တဲ့ထိ အောင်မြင်မှု ရရှိခဲ့သလို ဝင်ငွေသန်းပေါင်း(၅.၃) သန်းကျော် အကျိုးအမြတ် ပြန်လည်ရရှိခဲ့ပါတယ်။ လက်ရှိမှာတော့ မိန်းကလေး ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားဆဲ ဖြစ်သလို အသက်(၄၁) လို့ မထင်ရလောက်အောင် နုပျို လွန်းတဲ့ ဆောင် ရဲ့ ယောကျာ်းဆန်တဲ့ အမိုက်စား ပုံတချိုကို ပြန်လည်မျှေျဝလိုက်ရပါတယ်။  

source: song seung hoon / wikipedia; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။