ချစ်စရာကောင်းတဲ့ မမစုတစ်ယောက် သူမရဲ့အလှပဆုံးနောက်ကျောပုံရိပ်လေးတွေကို တင်လိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ ဆံပင်တွေကို ကျောမှာဖြန့်ချထားပြီး အဝါရောင်ဖဲပြား ခပ်ကြီးကြီးကို ချည်ထားတဲ့သူမရဲ့နောက်ကျောအလှတွေဟာ ယဉ်စစနဲ့ ကြွေချင်စရာ ကောင်းလွန်းနေပါ တယ်။ ကလေးဆန်တဲ့ပုံစံလေးနဲ့ ချစ်စဖွယ်မေမြင့်မိုရပ်တစ်ယောက် သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း မှတ်တမ်းတင် Video ရိုက်ကူးခဲ့ပါ သေးတယ်။

အဝါရောင်အင်္ကျ ီလေးကို ဂျင်းဘောင်းဘီအရှည်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေဟာ တကယ်ကိုကြွေချင်စရာကောင်းလွန်းပါတယ်။ ဇာတ်လမ်းတွဲတော်တော် များများမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကိုလည်း အပြည့်အဝရရှိထားသူ လေးဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ထားတဲ့ " ပုဂံမြို့သူ " ဇာတ်ကားဟာလည်း မကြာခင် မှာပရိသတ်ရှေ့ကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အမိုက်စား သရုပ်ဆောင်ချက်တွေ နဲ့ ပရိသတ်တွေကိုအပြတ်အသတ်ဖမ်းစားတော့မှာဖြစ်လို့ အားလုံးကလည်း စိတ်ဝင်စားနေ ကြပါတယ်။

MRTV-4 ရုပ်သံဇာတ်လမ်းဇာတ်လမ်းတွဲ မင်းသမီးချောလေးတွေထဲမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု တွေကို အပြည့်အဝအခိုင်အမာ ရရှိပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်အနု ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။ လတ်တလောမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လု ပ် ဆောင်နေပြီး မောင်ဖြစ်သူကိုလည်း အနုပညာလမ်းကြောင်းပွဲတင်ပေးခဲ့တဲ့ အမကြီးအမိရာ ပီသသူလည်းဖြစ်ပါတယ်။ သူမရဲ့ချစ်စဖွယ် Video လေးကို တင်ဆက်ပေး လိုက်ပြီနော်။

Photo - May Myint Mo

A post shared by May Myint Mo (@may_myint_mo) on

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။