အူမကြီးကင်ဆာဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုအဖြစ်ပါဝင်လို့နေပါတယ်။အူမကြီးကင်ဆာဟာ အသံတိတ်လူသတ်သမားလို့တောင် ခေါ်ကြပါတယ်။အူမကြီးကင်ဆာကို အသက်အရွယ်အရ အသက်၅၀ နှစ် အထက်ရှိသူတွေကို မှန်ပြောင်းကြည့်သင့်ပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာဟာ မျိုးရိုးလိုက်ဖြစ်ပွားတတ် ပြီး နာတာရှည်အနေနဲ့ အူသိမ်အူမ ရောင်ရမ်းတဲ့ဝေဒနာ၊ ကိုခံစားရတတ်သူတွေဆိုရင် ပိုဖြစ်နိုင်ခြေများပါတယ်။ 

အူမကြီးကင်ဆာရောဂါဖြစ်နေပြီဆိုရင် စအိုလမ်းကြောင်းမှသွေးထွက်ခြင်း၊ ဝမ်းသွားလျင်သွေးပါခြင်း၊ ဝမ်းမကြာ ခဏလျှောခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်ပွခြင်း၊ ဝမ်းသွားလျင်မဝခြင်း၊ အားနည်းပြီး ညောင်းညာနေခြင်း၊ ကိုယ်အလေး ချိန်ကျလာခြင်း၊တို့ဖြစ်ပေါ်နေရင် နီးစပ်ရာဆေးပေးခန်းတွေကို သွားပြီးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ 

အူမကြီးလမ်းကြောင်းမှာရှိတဲ့အသားပိုအစကို ယူပြီးစစ်ဆေးမှာဖြစ်ပါတယ်။တစ်ကယ်လို့ ကင်ဆာ ဖြစ်ခဲ့မယ် ဆိုရင် ၃ နှစ်မှ ၅ နှစ်အတွင်း ပြောင်းလဲသွားတတ်ပါတယ်။စောစီးစွားတွေ့၇ှိပါကလည်း ခွဲစိတ်ကုသပြီး ဖယ်ထုတ်လိုက်ရင် ပျေက်ကင်းမှာဖြစ်ပါတယ်။ မိသားစုဝင်တွေထဲမှာ အူမကြီးကင်ဆာဖြစ်ဖူးသူတွေရှိရင် အရင်ဆုံးစစ်ဆေးကြည့်သင့်ပါတယ်။ အဓိကအစားအသောက်ကို သေချာစွာစားသုံးပါ။ အမျှင်ဓာတ်ပါဝင်တဲ့ အစားစာတွေကို စားသုံးပေးပါ။ လေ့ကျင့်ခန်းလုပ်ပေးပါ။ ရေများများသောက်ပေးဖို့မမေ့ပါနဲ့နော်။ အားလုံးကျန်း မာကြပါစေ။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။