ပြည်သူ့အချစ်တော်မင်းသမီးချောလေးတွေဖြစ်ကြတဲ့ မင်းသမီးအိချောပိုနဲ့ မေမြင့်မိုရ်တို့ အနုပညာညီအစ်မနှစ်ယောက်ကတော့ ပရိသတ်တွေကို အချစ်ပိုသထက်ပိုအောင် အမြဲ ပြုလုပ်တတ်တဲ့ အချစ်တော်လေးတွေပါပဲ..။

အခုတစ်ခါမှာလည်း နှစ်ယောက်အတူရိုက်ကူးထားတဲ့ ချစ်စဖွယ်Selfie ဓာတ်ပုံလေးတွေကြောင့် ပရိသတ်တွေကတော့ အသည်းယားအချစ်ပိုနေကြတယ်လို့ ဆိုပါတယ်..။

ပရိသတ်အချစ်တော်မင်းသမီးချောနှစ်ယောက်ကတော့ “အချစ်ဆုံးCrush” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး ရိုက်ကူးရေးနားချိန်မှာ အပျော်သဘောလေးနဲ့ ချစ်စရာကောင်းတဲ့ ကြောင်ရုပ်ပုံSelfie ရိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်..။

မျက်နှာပြောင်ပြီး ချစ်စရာကောင်းလွန်းတဲ့ မျက်နှာဟန်ပန်အမူအရာလေးတွေနဲ့ Selfie ရိုက်ကူးထားတာမို့ ဟန်ဆောင်မှုကင်းတဲ့ သူမတို့နှစ်ယောက်ရဲ့ ဓတ်ပုံလေးတွေကိုတော့ ပရိသတ်တွေက သဘောကျ အချစ်ပိုနေကြတာလည်း တွေ့ရပါတယ်..။

“အချစ်ဆုံးCrush” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာမီးပွားနဲ့ ကျော်ဇောလင်း(အတွေးပုံရိပ်)တို့က ရိုက်ကူးပုံဖော်နေတာဖြစ်ပြီး မင်းသားမြင့်မြတ်နဲ့ မင်းသမီးချောလေးတွေဖြစ်ကြတဲ့ အိချောပို၊ တင်ဇာဝင့်ကျော်နဲ့ မေမြင့်မိုရ်တို့က ပါဝင်သရုပ်ဆောင်ထားတာမို့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ထပ်တူကျမယ့် ဒရမ်မာဇာတ်ကားကောင်းလေးတစ်ကားဖြစ်မယ်ဆိုတာ အသေအချာပါပဲနော်..။

လတ်တလောမှာတော့ အချစ်တော်လေးနှစ်ယောက်ရဲ့ ချစ်စရာကောင်းလွန်းတဲ့ Selfie ဓာတ်ပုံလေးတွေကိုလည်း ချစ်ရတဲ့ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မေမြင့်မိုရ်၊ အိချောပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။