Miss Bella ကတော့ အသက်ငယ်ငယ်နဲ့ Miss Myanmar World 2016 ရဲ့သရဖူကို ပိုင်ဆိုင်ခဲ့သူလေးဆိုတာ ပရိသတ်တွေမှတ်မိကြဦးမယ် ထင်ပါတယ်။ လှပတဲ့အပြုံးပိုင်ရှင်လေးလို့ပင် တင်စားခံရပြီး ငယ်ရွယ်တက်ကြွလှပတဲ့သူလေးလည်း ဖြစ်ပါတယ်။ ရယ်လိုက်တိုင်း ပရိသတ်ရင်ကိုထိစေတဲ့သူမကို အားလုံးကအားပေးခဲ့ကြပြီး ပထမခြေလှမ်းမှာတင်အောင်မြင်မှုတွေရရှိခဲ့ပါတယ်။

သူမက ဒဂုံတက္ကသိုလ်မှာ စိတ်ပညာအဓိကနဲ့ ပညာသင်ကြားနေပြီး ပညာရေးတစ်ဖက်နဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရသူလည်း ဖြစ်ပါတယ်။ July 15 ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Miss Myanmar World 2018 ပြိုင်ပွဲကြီးကို Miss တစ်ယောက်အဖြစ် Bella က တက်ရောက်ခဲ့ပါတယ်။ တောက်ပထင်ပေါ်တဲ့ အဝါနုရောင်ဝတ်စုံကို ဝတ်ဆင်ပြီး Miss Crown ကို ဆင်ယင်ထားတဲ့သူမက Miss တွေအားလုံးနဲ့အပြိုင် ပေါ်လွင်လှပနေခဲ့ပါတယ်။

သူမရဲ့ဝတ်စုံကို Ma Latt Latt ကစီစဉ်ပေးထားပြီး မိတ်ကပ်ကိုတော့ Topfy Shine က အလှပဆုံးပြင်ဆင်ခြယ်သပေးခဲ့ပါတယ်။ အနုပညာလှုပ်ရှားမှုအနေနဲ့ သူမက သရုပ်ဆောင်မင်းသမီး တစ်ယောက်အဖြစ် ရပ်တည်နေပြီလို့ သိရပါတယ်။ သူမရဲ့ အချစ်ရေးကိုတော့ ပရိသတ်က စိတ်ဝင်စားပေမယ့် Bella က ထူးထူးခြားခြားပြောကြားတာတော့ မတွေ့ရသေးပါဘူး။ ကဲ ချစ်ပရိသတ်ကြီးလည်း Bella ရဲ့ ခမ်းနားတဲ့အလှကို ခံစားဖို့ ဖော်ပြပေးလိုက်ပါတယ်။

Source: Bella Myat Thiri Lwin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။