လက်ရှိပြည်တွင်းဖန်တီးမှုတွေထဲက ကမ္ဘာ့အဆင့်မှီတစ်ခုဖြစ်လာတဲ့ မြန်မာ့အမျိုးသားဖန်တီးရှင်တွေကို ပရိသတ်တွေလည်း လေးစားအားကျမိမယ်ထင်ပါတယ်။ မကြာသေးမီက ဆင်တွေနဲ့ တောရိုင်းတိရစ္ဆာန်တွေ ထိန်းသိမ်းကာကွယ်ရေး အသိပညာပေး လှုပ်ရှားမှုမှာ အထူးဖန်တီးပြုလုပ်ခဲ့တဲ့ စက္ကူဆင်ရုပ်ကြီးဟာ ကမ္ဘာ့အကြီးဆုံး စက္ကူဆင်ရုပ်ကြီးအဖြစ် ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်း တင်နိုင်ခဲ့ကြောင်း ကမ္ဘာ့သားငှက်တိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါစက္ကူဆင်ရုပ်ကြီးရဲ့ အရွယ်အစားဟာ အရှည် ၂၁ ပေ၊ အကျယ် ၇ ပေနဲ့ အမြင့် ၂၁ ပေရှိပြီး မိုမိုတို့အတွက် ရင်တွင်းစကားသံ အမည်နဲ့ အသိပညာပေး လှုပ်ရှားမှုတွေအတွက် ရည်ရွယ်ဖန်တီးခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ သာမန် အရွယ်ရောက်ပြီး ဆင်ထီးတကောင်ရဲ့ အရွယ်အစားဟာ အမြင့် ၇ ပေကနေ ၉ ပေထိသာ ရှိတာမို့ ဒီစက္ကူဆင်ရုပ်ကြီးဟာ ပြင်ပမှ ဆင်တကောင်ထက် ၃ ဆ ပိုမိုကြီးမားနေတာတွေ့ရပါတယ်။  

တောရိုင်းတိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှုဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး တရားမဝင် ကုန်သွယ်မှုလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံဟာ တောရိုင်းတိရစ္ဆာန် မှောင်ခိုကုန်သွယ်မှုရဲ့ ဒေသတွင်း ဗဟိုဌာနတခု ဖြစ်လာပါတယ်။ ကမ္ဘာ့သားငှက်တိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ဒီဆင်ရုပ်ကြီးကို ဖန်တီးခဲ့ကြသူတွေဖြစ်တဲ့ ဂရပ်ဖတီပညာရှင် ကိုအာကာကျော်နဲ့ ဦးမြင့်တို့က ဘယ်လိုဖန်တီးခဲ့ကြတယ် ဆိုတာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

Source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။