2006 ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ "Persuit of Happiness" ရုပ်ရှင်ဇာတ်လမ်းမှာ အိမ်ယာမဲ့ ဘဝနဲ့ သားအဖ နှစ်ယောက် ဒုက္ခတွေကို ရင်ဆိုင်ရင်း ပျော်ရွှင်မှုတွေကို ရှာဖွေခဲ့ကြတဲ့ လူမဲ သားအဖ နှစ်ယောက်ကို မှတ်မိကြဦးမှာပါ။ ဒီဇာတ်လမ်းမှာ အဖေဖြစ်သူ Will Smith နဲ့ သရုပ်ဆောင်ခဲ့စဉ် Jaden ဟာ အသက်( ၈) နှစ်ရှိသေးပြီး ပထမဆုံး သရုပ်ဆောင်လောက ကို စတင် ဝင်ရောက်လာတယ် လို့ ဆိုရမှာပါ။

လက်ရှိမှာ Smith Family လို့ အသိများတဲ့ မိသားစုလေးမှာ အိမ်ထောင်ဦးစီးဖြစ်သူ Will Smith အပြင် ဇနီး ဖြစ်သူ Jada Pinkett-Smith ၊ သား Jaden Smith နဲ့ အငယ်ဆုံး သမီး Willow Smith တို့ မိသားစုဝင်အားလုံးဟာ ကမ္ဘာကျော် ဟောလီဝုဒ်စတားတွေ ချည်း ဖြစ်ကြပါတယ်။အဖေ Will Smith နဲ့ အမေ ဖြစ်သူ Jada Pinkett-Smith တို့ နှစ်လုံးဟာ အောင်မြင်တဲ့ ဟောလီဝုဒ် သရုပ်ဆောင် မင်းသား၊ မင်းသမီး တွေ ဖြစ်တာကြောင့် မျိုးဆက်သစ်တွေ ဖြစ်ကြတဲ့ သား Jaden Smith နဲ့ သမီး Willow Smith တို့အတွက် အခက်အခဲ မရှိဘူး လို့ ဆိုရမှာပါ။

Jaden ကတော့ လက်ရှိမှာ မော်ဒယ်၊ သရုပ်ဆောင် အမေရိကန်-အာဖရိက ရက်ပါအဆိုတော် တစ်ဦး ဖြစ်သလို ညီမဖြစ်သူ Willow Smith ကတော့ အဆိုတော်၊ သရုပ်ဆောင်၊ အကသမားတစ်ဦး အဖြစ် ကိုယ်ပိုင် အနုပညာလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။

မိဘဖြစ်သူတွေ ပြန်ကြည့်စရာမလိုအောင် ဝင်ငွေကောင်းတဲ့ မောင်နှမနှစ်ဦး ဖြစ်ပြီး ကမ္ဘာအချမ်းသားဆုံး ကလေးတွေထဲက စာရင်းဝင်ဖြစ်ပါတယ်။ ဇူလှိုင်လ(၁၅) ရက် နေ့ က ကျင်းပပြုလုပ်ခဲ့တဲ့ 2018 FIFA World Cup Final ပွဲကြီးမှာ နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ ခရိုအေရှားအသင်း နဲ့ ပြင်သစ် အသင်းတို့ ရဲ့ ယှဉ်ပြိုင်မှုကို Will နဲ့ Jaden တို့ သားအဖ နှစ်ယောက်လုံး သွားရောက်အားပေးခဲ့ကြပါတယ်။ Will ဟာ အရွယ်ရောက်ပြီး လူပျိုပေါက် ဝင်နေပြီဖြစ်တဲ့ သားဖြစ်သူ Jaden ကို ဘယ်လောက်ချစ်သလဲ သိသာစေတဲ့ အချက်ကတော့ Jaden နဖူးလေးကို ခပ်ဖွဖါလေးနမ်းနေတဲ့ ပုံလေးကြောင့်ပါပဲ။ပိတ် ပွဲမှာ Will ဟာ “Miami " သီချင်း နဲ့သီဆိုဖျောဖြေခဲ့ပြီး Jaden ကတော့ အဖေ ဖြစ်သူနဲ့ အမှတ်တရကောင်ေးတွကို သူရဲ့ Instagram မှာ ပြန်လည်မျှဝေထားပါတယ်။

source:http://www.justjaredjr.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။