မကြာသေးမီက ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ World Mathematics Invitational 2018 ပြိုင်ပွဲကို နိုင်ငံပေါင်း ၂၁ တစ်နိုင်ငံမှာ ကလေးငယ်များစွာဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါ ဝင်ရောက်ယှဉ်ပြိုင်သူကလေးငယ်များစွာထဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ကလေးငယ် ၂၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရပါတယ်။ 

နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ကျောင်းသားပေါင်း ၁၁၀၀ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်သူကလေးငယ်များစွာကတော့ ရွှေ ၂ခု၊ ငွေ၇ခု၊ ကြေး၈ခုနှင့် The Star of the world ၁ ခုတို့ကိုရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာ့ဂုဏ်မြှင့်တင်နိုင်ခဲ့သလို မြန်မာ့အလံကို နိုင်ငံတကာအလံတွေကြား ချပြနိုင်ခဲ့သူလေးတွေပဲဖြစ်ပါတယ်။  

ယခင်နှစ်တွေထက်ပိုမို တိုးတက်ပြောင်းလည်း လာခဲ့ပြီး တစ်နှစ်ထက်တစ်နှစ်ပိုမိုဂုဏ်တင့်စေနိုင်ခဲ့တာတွေ့ရပါတယ်။ လေးစားစရာ ညီငယ်၊ ညီမငယ်လေးများရဲ့ အရည်အသွေးကိုဂုဏ်ပြုရင်း ကိုရီးယားနိုင်ငံ ဆိုးလ် မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ World Mathematics Invitational 2018 ပြိုင်ပွဲဆုရပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - T&H Maths Centre

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။