ယနေ့မှာတော့ ရော်နယ်ဒိုဟာ ဂျူပီတပ်စ်မှာ လာရောက်ဆေးစစ်မှုခံယူခဲ့ပြီး ဆေးစစ်မှုအောင်မြင်ခဲ့ပါတယ်။ဆေးစစ်မှုအောင်မြင်ခဲ့တဲ့နောက်မှာ ရော်နယ်ဒိုဟာ ဂျူပီတပ်စ်အသင်းသားတွေဖြစ်တဲ့ သူရဲ့ သူငယ်ချင်းအသစ်တွေနဲ့ လက်ဆွဲ နှုတ်ဆက်ပြီး ပွေဖက်ခဲ့ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရော်နယ်လ်ဒို ဟာအပြေးအမြန်ဆုံးဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ရော်နယ်ဒိုကတော့ " ကျွန်တော့် ဘဝရဲ့ စံချိန်အသစ်တွေကို ချိုးဖျက်ဖို့ ဒီလို ကြီးကျယ်တဲ့ ကလပ်မျိုးကိုရောက်လာတာပါ။ ကျွန်တော့်တို့ရဲ့ အသက်အရွယ်မှာ ကစားသမား အများစုက တရုတ် ကလပ် သာမဟုတ် ကာတာကို သွားရောက် ကစားတက်ကြပါတယ် ။ ဒါပေမဲ့ ကျွန်တော့် ကိုတော့ ဒီလို ကြီးကြယ် ခမ်းနားတဲ့ ကလပ်ဆီ လာရောက် ကစားဖို့ ခေါ်ယူခဲ့တဲ့အတွက် အရမ်းဝမ်းသားပါတယ်" လို့ပြောထားပါတယ်။

ရော်နယ်ဒို ဆေးစစ်မှုခံယူတဲ့ ရော်နယ်ဒိုရဲ့ ကျောနံပတ် ၇ပါတဲ့ဂှူပီတပ်စ် ဂျာစီဟာ တစ်ရက်အတွင်းမှာ ၅သိန်းကျော်ရောင်းချခဲ့ရပြီး ဂျာစီအရောင်းရဆုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ပထမကတော့ နေမာက PSGကိုရောက်သွားတုန်းက ဂျာဇီ ၁သောင်းကျော်အထိ ရောင်းချခဲ့ရဖူးပါတယ်။ ဂျူဗင်တပ်စ်ဟာ ရော်နယ်လ်ဒိုကို ပေးချရတဲ့ ပေါင် သန်း ၁၀၀နီးပါးထဲကနေ ၃၅သန်းကို ပထမဆုံးနေ့မှာတင် ပြန်ရခဲ့တာကြောင့် ရော်နယ်ဒိုကိုခေါ်ယူခဲ့မှုဟာ တန်တယ်လို့ဆိုရပါမယ်။

source: daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။