နီကာရာဂွါ ဆန္ဒပြမှုမှာ လူပေါင်းများစွာ သေဆုံးပြီးနောက်မှာတော့ အမေရိကန်အစိုးရဟာ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုတွေကို တိုးမြှင့်ခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူဦးရေမှာလည်း လက်ရှိအချိန်ထိဆိုရင် ၂၀၀ ကျော်ရှိနေပြီပဲဖြစ်ပါတယ်။

နီကာရာဂွါ အစိုးရကတော့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချက်ချင်းလုပ်ပေး ဆိုတဲ့ ပြည်သူတွေရဲ့တောင်းဆိုချက်ကို အလေးထားသင့်တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေဌာန ကပြောကြားထားပါတယ်။

နီကာရာဂွါ သမ္မတ အော်တေဂါရဲ့ စစ်ရဲတပ်ဖွဲ့အနေနဲ့ ဆန္ဒပြ တက္ကသိုလ်ကျောင်းသား ၊ သတင်းထောက်တွေနဲ့ ခရစ်ယာန်ဘုန်းကြီးတွေအပေါ် နှိပ်ကွပ်မှုတွေ ဆက်လက်ပြုလုပ်နေမှုကိုလည်း အမေရိကန်က ပြစ်တင်ပြောဆိုခဲ့တာလည်းတွေ့ရပါတယ်။ 

ဒါ့အပြင် နီကာရာဂွါ အစိုးရရဲ့ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်နှိမ်းနင်းတာတွေကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက် ကလည်း ပြစ်တင်ပြောဆိုခဲ့သေးတာပဲဖြစ်ပါတယ်။

ဆန္ဒပြသူတွေကတော့ သမ္မတအော်တေဂါ ကိုရာထူးကနေဆင်းပေးဖို့ တောင်းဆိုနေကြတယ်လို့လည်းသိရပါတယ်။ 

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။