တရုတ်အက်ရှင်မင်းသားကြီး ဂျက်ကီချန်း နဲ့ အတူရိုက်ကူးခဲ့တဲ့The Karate Kid (2010) ထဲက တရုတ်ပြည်ရောက်လာတဲ့ ဘူဆတ်ဆတ် အမူအရာလေးတွေနဲ့ လူမဲကလေးလေး တစ်ယောက်ကို မှတ်မိဦးမှာပါ။ဒီကလေးလေးကတော့ Smith Familyရဲ့ မိသားစုဝင်တစ်ဦးဖြစ်သလို Smith Family ဆိုရင် မသိသူ မရှိလောက်အောင် နာမည်ကြီးတဲ့ ဒီမိသားစုလေးမှာ အိမ်ထောင်ဦးစီးဖြစ်သူ Will Smith အပြင် ဇနီး ဖြစ်သူ Jada Pinkett-Smith ၊ သား Jaden Smith နဲ့ အငယ်ဆုံး သမီး Willow Smith တို့ မိသားစုဝင်အားလုံးဟာ ကမ္ဘာကျော် ဟောလီဝုဒ်စတားတွေ ချည်း ဖြစ်ကြပါတယ်။ အဖေ Will Smith နဲ့ အမေ ဖြစ်သူ Jada Pinkett-Smith တို့ နှစ်လုံးဟာ အောင်မြင်တဲ့ ဟောလီဝုဒ် သရုပ်ဆောင် မင်းသား၊ မင်းသမီး တွေ ဖြစ်တာကြောင့် မျိုးဆက်သစ်တွေ ဖြစ်ကြတဲ့ သား Jaden Smith နဲ့ သမီး Willow Smith တို့အတွက် အခက်အခဲ မရှိခဲ့ပါဘူး။

Jadenဟာ Louis Vuittonရဲ့ fashion label မှာ မျက်နာသစ် မော်လ်ဒယ်တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Los Angeles မှာ နေထိုင်ပြီး နာမည်ကြီး Hollywood လူငယ်မင်းသားတစ်ယောက်လည်းဖြစ်သလို အမေရိကန်-အာဖရိကန်တဝက် အဆိုတော် rapper လည်းဖြစ်ပါတယ်။ Jaden Smith ကတော့လွန်ခဲ့တဲ့ ဒီ ဇူလှိုင်လ(၈) ရက်နေ့ မှာ အသက် (၂၀) ပြည့်ခဲ့ပြီ ဖြစ်သလို သူ့ရဲ့ မွေးနေ့ ပါတီကို Miami Beach က LIV nightclub တစ်ခုမှာ သူငယ်ချင်းတွေနဲ့ အတူကျင်းပခဲ့ပါတယ်။

Jaden ဟာ အနီရောင် graphic t-shirt နဲ့ အပြာရောင် ဂျင်းဘောင်းဘီကို ဝတ်ဆင်ထားပြီး အဖြူ၊အမဲ စက်ကြား အိတ်တလုံးကို အထာကျကျ ဝတ်ဆင်ထားပါတယ်။ club ထဲမှာ သူငယ်ချင်းတွေနဲ့ “Icon” လို့ အမည်တပ်ထားတဲ့ မွေးနေ့ ကိတ်ကို ကိုင်ထားခဲ့ပြီး အဖေ ဖြစ်သူ Will Smith ရဲ့ သီချင်းဖြစ်တဲ့ Miami ဆိုတဲ့ သီချင်းကို ဖွင့်ထားခဲ့ပါတယ်။ Jaden ရဲ့လက်ရှိချစ်သူကတော့ ဖြစ်ပြီး ဒီပွဲမှာ သူမ တက်ရောက်ခဲ့လားဆိုတာတော့ ပုံတွေအရ တော့ သူမကို မတွေ့မြင်ရပါဘူး။

source:http://www.justjaredjr.com ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။