မင်းသားဇေရဲထက်ကတော့ သရုပ်ဆောင်ကောင်းပြီး ရုပ်ရည်လည်းချောမောတာကြောင့် ပရိသတ်တွေရဲ့ အသည်းကျော်တစ်ဦးဖြစ်ပါတယ်။ မင်းသားအဖြစ် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်ကားကြီးတွေမှာလည်း ပိုင်နိုင်စွာသရုပ်ဆောင်လာတာ တွေ့ရပါတယ်။ အရင်ကထက်ပိုချောလာတဲ့ ဇေရဲထက်ကို ပရိသတ်တွေက ပိုမိုချစ်ခင်နေကြတာပဲ ဖြစ်ပါတယ်။

လတ်တလောမှာလည်း သူပါဝင်သရုပ်ဆောင်ထားတဲ့ "ရာဇဝင်ရိုင်းခဲ့သည်" ရုပ်ရှင်ကားကြီးလည်း ရုံတင်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဇေရဲထက် ပရိသတ်တွေမုန်းစေနိုင်တဲ့ ကာရိုက်တာမျိုးနဲ့ အားလုံးအမြင်ကတ်လောက်အောင် သရုပ်ဆောင်ပီပြင်တာတွေ့ရပါတယ်။ အခုလည်း ဇေရဲထက်က ပရိသတ်တွေကို တွေ့ဆုံဖို့ မြို့ပေါင်းစုံကို လှည့်လည်ခရီးထွက်နေရပါတယ်။

မနေ့ကလည်း ဇေရဲထက်က ပရိသတ်တွေနဲ့အတူ လက်မှတ်ရေးထိုးဖို့ မန္တလေးမြို့ကိုရောက်ရှိခဲ့ပါတယ်။ ပရိသတ်တွေနဲ့အတူ ပျော်ရွှင်ခဲ့တဲ့ပုံတွေကိုလည်း သူ့ရဲ့ Facebook စာမျက်နှာမှာတင်ထားသလို "ညတပွဲလေးပြေးပြန်ပြီ လူက ရေမချိုးရတာ ၃ရက် အရမ်းတော့ပျော်နေပြီးတွေ့ရအိပ်နေသည် " ဆိုပြီး ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းအောင် ပြောဆိုထားတာတွေ့ရပါတယ်။ ကဲ ရေမချိုးလည်းလန်းနေတဲ့ ဇေရဲထက်ရဲ့ အမိုက်စားပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Source: Ko Zay Ye Htet;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။