ခရမ်းချဉ်သီး ကနေရာတကာအသုံးပြုလို့ရပါတယ်နော်။ ခရမ်းချဉ်သီးဆိုရင် မိန်းကလေးတွေအတွက် အလှပရေးရာတွေမှာ အသုံးပြုတာများကြပါတယ်။တစ်ဖက်မှာလည်း ကျန်းမာရေးအတွက် အသုံးဝင်နေ တယ်ဆိုတာ ဖော်ပြပေးမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ကမ္ဘာပေါ်မှာအမျိုးသမီးထုကြီးကို အသက်အန္တာ ရယ်ပေးနေတဲ့ ရင်သားကင်ဆာကိုဖြစ်ပွားဖြင်းကို ခရမ်းချဉ်သီး ပုံမှန်စားပေးပါက သက်သာစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါပြီး၊ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ အလှအတွက်ပဲသုံးသုံးကျန်းမာရေးအတွက်ပဲသုံးသုံး တော်တော်အသုံးဝင်တဲ့ သီးနှံအမျိုးအစားဖြစ်ပါတယ်နော်။ အမျိုးသမီးတွေအနေနဲ့ သက်စောင့်ဆေးတစ် လက်ဆိုလည်း မမှားပါဘူး။ 

ခရမ်းချဉ်သီးဖျော်ရည်ကို တစ်နေ့ကို တစ်ခွက်သောက်ရုံးမျှဖြင့်ရင်သားကင်ဆာ အတွက်များစွာ အထောက်ကူပြုကာကွယ်ပေးပါတယ်နော်။ဒါပေမဲ့ ခရမ်းချဉ်သီးဖျောရည်ချည်း သောက်ရမယ်လို့မဆိုလိုပါ ဘူးနော်။ ကိုယ်စားသောက်လိုက်တဲ့ အထဲ ခရမ်းချဉ်သီးထဲစားခြင်းကလည်း ကာကွယ်ပေးရာ ရောက်ပါတယ်နော်။ ခရမ်းချဉ်းသီးထဲမှာ ပါဝင်တဲ့ Lycopene ဓာတ်က အမျုးိသားတွေအတွက် ဆီးကြိတ် ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်းပေးပါသတဲ့ ။ ကင်ဆာဖြစ်ပွားနှုန်းများခြင်းက ကိုယ်အလေးချိန် လွန်ကဲသူ၊ ရင်သားကင်ဆာဖြစ်သူနှင့် ဆွေမျိုးတော်စပ်သူ မျာသာ ကင်ဆာဖြစ်နိုင်ခြေများပါတယ်။ 

ခရမ်းချဉ်သီးဖျော်ရည် သောက်တာကြာလာတာနဲ့အမျှ Adiponectin ဟော်မုန်းဓတ်ဖွံံ့ဖြိုးလာမှာဖြစ်ပါတယ် ။ အဆိုပါဟော်မုန်းဓာတ်ဟာ ကိုယ်အလေးချိန်နည်းတဲ့ အမျိုးသမီးတွေ မှာအဖြစ်များပြီး ရင်သားကင်ဆာ မဖြစ်အောင်ကာကွယ်ပေးပါတယ်။Lycopene ဓတ်ကိုရရှိဖို့ ခ၇မ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်နှုန်း (၁၀) ပတ်ကြာအောင်သောက်ကြည့်လျင် အဆိုပါဓတ်ကိုရရှိပါတယ်။ ဒါကြောင့် အဝမလွန်ဖို့အထူးသတိ ပေးပါနော်။ အဝလွန်တဲ့သူတွေအနေနဲ့ရင်သားကင်ဆာဖြစ်နိုင်ခြေများပါတယ်နော်။ ပြီးတော့ ခရမ်းချဉ်သီး ဟာအမျိုးသမီးတွေအတွက် ကိုယ်အလေးချိန်ထိန်းညှိပေးနိုင်ပါတယ်။ အာလုံးပဲ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ သစ်သီးဝလံတွေကို စားသုံးပြီး ကျန်းမာကြပါစေလို့ဆုတောင်းပေးပါတယ်နော်။ မဖြစ်ခင်ကြို တင်ကာကွယ်တာက အကောင်းဆုံးကုသခြင်းဖြစ်ပါတယ်။ 

Source : aye chan mon 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။