မနေ့ကတော့ ၂၀၁၈ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းဟာ အိမ်ပြန်လာခဲ့ပြီပဲဖြစ်ပါတယ်။ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းကို အသက် (၇၅) နှစ်အရွယ်ရှိ အိန္ဒိယ မင်းသားကြီး အမီတာဘတ်ချန်းဟာ အာဖရိကအသင်း အနိုင်ရရှိခဲ့ပြီလို့လှောင်ပြောင်ခဲ့ကြပါတယ်။ပြင်သစ်အသင်းမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ပေါ့ဘာ ကန်တီ အမ်ဘတ်ပီ အမ်တီတီ တို့ဟာ ပြင်သစ်ကစားသမားတွေမဟုတ်ဘဲ အာဖရိက ကစားသမားတွေပဲဖြစ်ပါတယ်။ 

အဆိုပါ ကစားသမားတွေကတော့ ဒုက္ခသည်အနေနဲ့ ငယ်ငယ်ထဲက ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုတော့ သူတို့လို ဒုက္ခသည်တွေကို လက်ခံခဲ့တဲ့ ပြင်သစ်နိုင်ငံကို ကျေးဇူးပြန်ဆပ်နေတာပဲဖြစ်ပါတယ်။ပြင်သစ်နိုင်ငံသားတွေကတော့ အခုလို လှောင်ပြောင်ခဲ့တဲ့ အမီတာဘတ်ချန်း ဟာ အသားအရောင်ခွဲခြားတဲ့ စာနာစိတ်မရှိတဲ့ စိတ်ပျက်စရာလူတစ်ယောက်ပါ လို့ ပြန်လည်ပြောဆိုလိုက်ပါတယ်။ 

ပြင်သစ်ပရိသတ်တွေကတော့ ကမ္ဘာ့ဖလားဆုကြီးကို မကိုင်ဖူးလို့ အခုလိုပြောဆိုနေတာဖြစ်ပြီး ပြင်သစ်အနိုင်ရတာကို မနာလိုလို့ ပြောဆိုနေတာပါလို့ တုန်ပြန်လိုက်ပါတယ်။ ပြင်သစ်ပရိသတ်တွေကတော့ အမီတာဘတ်ချန်း ဟာ အသားအရောင်ခွဲခြားဆက်ဆံတဲ့ လူတစ်ယောက်ဖြစ်ပြီး ခုလိုစိတ်ဓာတ်တွေရှိနေလို့ အိန္ဒိယ မတိုးတတ်သေးတာလို့ ပြန်လည်ပြောဆိုလိုက်ပါတယ်။ 

source: bachchan 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။