“အရိပ်” ဇာတ်ကားထဲမှာ ညီလင်းညိုဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားတဲ့ သရုပ်ဆောင်မင်းသားချောလေး ဟိန်းထက်ကတော့ အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေရှေ့ရောက်ရှိလာဦးမှာ ဖြစ်ပါတယ်..။

ပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေအားပေးမှုတွေကို ရရှိထားတဲ့ မင်းသားချောလေးဟိန်းထက်ကတော့ လတ်တလောမှာ “စေတမန်” ဆိုတဲ့ အက်ရှင်ဇာတ်ကားကို သရုပ်ဆောင်ရိုက်ကူးနေတာ တွေ့ရပါတယ်..။

ဇာတ်ကားရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေထားပြီး “စေတမန်” ဇာတ်ကားမှာတော့ ရဲအုပ်ဇာတ်ကောင် ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်..။

ညီလင်းညိုဆိုတဲ့ဇာတ်ကောင်နာမည်နဲ့ ဇာတ်ကားနဲ့လူသိများလာတဲ့ မင်းသားဟိန်းထက်ကတော့ “အရိပ်” ဇာတ်ကားမှာသရုပ်ဆောင်ပီပြင်သလို “စေတမန်”ဇာတ်ကားနဲ့လည်း ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ဦးမှာပါပဲနော်..။

မိန်းကလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့ ဟိန်းထက်ကတော့ ရဲအုပ်ယူနီဖောင်းလေးနဲ့ ယောင်္ကျားပီသပြီးလိုက်ဖက်ညီခန့်ညားနေတဲ့ ပုံရိပ်လေးတွေကလည်း ပြန်လည်မျှဝေထားပြီး ပရိသတ်တွေရဲ့အသည်းတွေကို ခြွေယူနေတဲ့ မင်းသားချောလေးပါပဲနော်..။

နူးညံ့တဲ့အပြုံးလေးတွေနဲ့ အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပျိုမေတို့ရဲ့အချစ်တော် ကိုကိုတစ်ယောက်ဖြစ်တဲ့ မင်းသားချောလေး ဟိန်းထက်ရဲ့ ဒုတိယခြေလှမ်းဖြစ်တဲ့ “စေတမန်”ဇာတ်ကားကိုလည်း စောင့်မျှော်အားပေးကြဖို့ မမေ့နဲ့ဦးနော်..။

Photo - ဟိန်းထက်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။