မိန်းကလေးတွေ မထင်မှတ်ပဲလုပ်တတ်တဲ့အရာတွေကို ယောက်ျားလေးတွေက စိတ်ထဲကနေ ကျိတ်ပြီး ရင်ခုန်နေတတ်မျိုးတွေရှိတတ်ပါတယ် ။ တစ်ချို့အပြုအမူလေးတွေက ကိုယ်က သတိမထားမိပေမယ့် အရမ်းကိုချစ်စရာကောင်းတယ်လို့ အထင်ခံရတာမျိုးတွေ လည်းရှိတတ်ပါတယ် ။ ဘယ်လိုအမူအရာလေးတွေက ကောင်လေးတွေကိ ုရင်ခုန်စေ လည်းဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ် ။

(၁) ရှက်သွားတဲ့အပြုမူလေး

တစ်ခါတစ်လေ သတိမထားမိလိုက်တဲ့အချိန် တစ်ခုခုကို ရှက်သွားတဲ့ ကောင်မလေးတွေရဲ့ ပုံရိပ်လေးတွေက ကောင်လေးတွေကို ရင်ခုန်စေပါတယ်တဲ့ ။ ရှက်သွေးဖြာပြီး ပါးလေးနီနေတာရယ် ရှက်ပြုံးပြုံးတာလေးတွေရယ်က ကောင်လေးတွေရဲ့ နှလုံးသားကို လှုတ်နှိုးနိုင်ပါတယ် ။

(၂) ဆံပင်တွေလေထဲမှာ ခါရမ်းလိုက်တဲ့အခါ

ဆံပင်လေးကို ပင့်တင်လိုက်တာ ဘဲ ဖြစ်ဖြစ် သပ်တင်လိုက်တာဘဲ ဖြစ်ဖြစ် အမှတ်တမဲ့ အပြုအမူလေးတွေက ကောင်လေးတွေ ဟတ်ထိစေပါတယ် ။ ဆံပင်တွေကို လေထဲမှာ ခါရမ်းမိတဲ့အပြူမူလေးတွေကလည်း ကောင်လေးတွေရဲ့ အသည်းကို တဖြုတ်ဖြုတ်ကြွေ ကျစေပါတယ် နော် ။ ဆံပင်ရှည်ရင်ကောင်လေးတွေက ပိုရင်ခုန်တတ်ကြတယ်မလား ။

(၃) ကိုယ်သင်းနံ့မွှေးမွှေးလေးတွေ

ကောင်လေးတစ်ယောက်က သင့်အနားကပ်လိုက်လို့ ကိုယ်သင်းနံ့မွှေးမွှေးလေး ရနေ တယ်ဆိုရင် လည်း သူတို့ရင်ခုန်တတ်ကြပါတယ် ။ အရမ်းကြီးအနံ့ပြင်းတဲ့ရေမွှေး မျိုးကိုပြော တာမဟုတ်ပါဘူး ။ အနံ့သင်းသင်းလေးနဲ့ အနားကပ်တိုင်း ဆွဲဆောင်မှုရှိစေတဲ့ ကိုယ်သင်းနံ့လေးတွေကလည်း ကောင်လေးတွေ နှလုံးသားကို ဖမ်းစားနိုင်ပါတယ် ။

(၄) နှုတ်ခမ်းကိုက်တာ ၊ မျက်စောင်းထိုးတာ

သူငယ်ချင်းတွေနဲ့အတူတူထိုင်နေရင်းနဲ့ ဒေါသထွက်တဲ့ ပုံစံနဲ့ နှုတ်ခမ်းလေးကိုက် လိုက် တာတို့ မျက်စောင်းလေးထိုးလိုက်တာ တို့ကလည်း ကောင်လေးတွေကိုရင်ခုန်စေတဲ့ အပြူအမူ တွေပါဘဲ ။ နှုတ်ခမ်းကိုက်ပီး မျက်စောင်လေးသာ ထိုးလိုက်ရင်တော့ ကောင်လေးတွေ အိပ်တောင် ပျော်မှာမဟုတ်တော့ပါဘူး ။

(၅) ရုပ်ပြောင်အမူရာလေးတွေ

တစ်ခါတစ်လေ ပြောင်စပ်စပ်အမူရာလေးတွေ ဖြစ်တဲ့ လျှာထုတ်ပြီး ဇတ်ကလေး ပုလိုက် တာတို့ မျက်လုံးလေးပြူးပြတာတို့ အစရှိတဲ့ ချစ်စဖွယ် ရုပ်ပြောင်ပုံလေးတွေကလည်း ကောင်လေးတွေရဲ့ နှလုံးအိမ်ကို ယိမ်းယိုင်စေတဲ့အပြုမူလေးတွေပါဘဲ ။ ဒီအပြုမူကတော့ မိန်းကလေးတိုင်းလိုလို တတ်ကျွမ်းတဲ့ပညာရပ်ပါနော် ။

(၆) မျက်တောင် တဖျက်ဖျက်ခတ်တာ

မိန်းကလေးတွေရဲ့ ကိုယ်ပိုင် အမူရာလို့တောင်ပြောလို့ရတဲ့ မျက်လုံးလေးမှိတ်တုတ် မှိတ်တုတ် လုပ်တဲ့အပြုမူလေးတွေ က တော့ ကောင်လေးတွေကို အသည်းယားစေတဲ့ စွဲမက်ဖွယ်အပြုမူလေးတွေပါဘဲနော် ။

PHYO

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။