လတ်တလောဟာ စွပ်စွဲခံထားရတဲ့ သီဟတင်စိုးဟာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဖြေရှင်းမယ် လို့ အသံတွေထွက်ပေါ်ခဲ့တဲ့ အတွက် သီဟတင်စိုးရဲ့ အိမ်ကို ကျမတို့ Myanmarload Media မှ  ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာမှာ နောက်ဆုံးရရှိထားတဲ့ ဆက်သွယ်မေးမြန်းမှုကို ပရိသတ်တွေအတွက် ဦးဦးဖျားဖျားတင်ဆက်ပေးလိုက်ပါတယ်။

လတ်တလော အခြေအနေမှာစွပ်စွဲမှုတွေကို ဖြေရှင်းဖို့အတွက် ကာယကံရှင် သီဟတင်စိုးဘယ်နေရာကို ရောက်ရှိနေတယ်ဆိုတာ ကို မိသားစုဝင်တွေအနေနဲ့ အတည်ပြုပြောကြားထားခြင်း မရှိသေးပါဘူး ။ သီဟတင်စိုးအတွက် ဆောင်ရွက်စရာရှိတာတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တည်လို့အတည်ပြုပြောကြားခဲ့ပါတယ်။ လတ်တလောမှာ ရှေ့နေရှေ့ရပ်ကိစ္စတွေဆောင်ရွက်ပေးဖို့ ဘယ်ရှေ့နေနဲ့ ဆောင်ရွက်မလဲဆိုတာကို လည်း အတည်ပြုပြောဆိုခြင်းမရှိသေးပါဘူး ။ မီဒီယာတွေနဲ့ တွေ့ဆုံမယ် ဆိုပါကလည်း အကြောင်းကြားမှာဖြစ်ပါတယ်ဆိုတာကို တာ အတည်ပြုပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

လတ်တလောမှာတော့ အွန်လိုင်အင်တာနက်စာမျက်နှာတွေပေါ်မှာနေရာယူထားတာကတော့ သီဟတင်စိုးရဲ့ သတင်းတွေဘဲဖြစ်ပါတယ် ။ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေက သီဟတင်စိုးအတွက် ဝန်းရံနေကြသလို နစ်နာသူလို့ ဖွင့်ဟခဲ့တဲ့ မခင်မာညို အတွက် လည်း ဝန်းရံပေးသူတွေဆက်လက်ရှိနေပါတယ်။ သီဟတင်စိုး ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ရရှိထားသမျှ ကို အမြန်ဆုံးတင်ပေးသွားမှာဖြဟ်လို့ Myannmar Load ကို See First လုပ်ထားဖို့ မမေ့ကြပါနဲ့နော်။

Exclusive on Myanmar Load

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။