နိုင်ငံကျော်ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသားသီဟတင်စိုးနဲ့ အိမ်ဖော်အမျိုးသမီး ဒေါ်ခင်မာမြင့်တို့ရဲ့ပြသနာတွေကတော့လက်တလောပရိသတ်ကြားမှာအရမ်းကိုဂယက်ထနေတဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာအမှန်တရားကိုမသိရသေးပေမယ့် သီဟတင်စိုးရဲ့ ကိုယ်ကျင့်တရားနဲ့ စာရိတ္တပိုင်းကိုယုံကြည်ကြတဲ့ အနုပညာရှင်ညီကိုမောင်နှမများနဲ့ ပရိသတ်တွေကတော့ သီဟတင်စိုးကိုအပြည့်အဝ ယုံကြည်ပြီးဝန်းရံနေကြတာကိုလည်း ပရိသတ်တွေ မြင်တွေ့နေရတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း နာမည်ကြီး ဇာတ်ပို့ဇာတ်ရံတစ်ဦးဖြစ်တဲ့ နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမရဲ့ အမြင်နဲ့တကွ အမှုဖွင့်တိုင်ကြားခဲ့တဲ့ ဒေါ်ခင်မာမြင့်ကို အကြံပေးစကားလေးဆိုလိုက်ပါတယ်။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ လူငယ်ပီပီပွင့်ပွင့်လင်းလင်းနဲ့ မဟုတ်မခံဒဲ့ဒိုးစိတ်ရှိသူလေးဆိုတာ ပရိသတ်တွေအားလုံးသိပြီကြမယ်ထင်ပါတယ်။သူမကတော့ ဇူလိုင်လ (၁၆)ရက်နေ့မှာ သူမရဲ့ အမြင်ကို လွတ်လပ်စွာပဲ လူမှုကွန်ယက်မှာရေးသားထားတာကိုမြင်တွေ့ရပါတယ်။သိန်း ၁၀၀ ဆိုပါလား တောင်းရဲတဲ့သတ္တိတော့ လေးစားသွားပြီ အဟက်ဟက်အေးပါ သမီးရယ် အဲ့လိုပဲလှည့်ပတ် ဂွင်ဆင်ကြပေါ့ ဆိုတဲ့ ပေါက်ကွဲဒေါသသံများပါဝင်နေတဲ့ စာသားလေးတစ်ခုရေးသားခဲ့ပါတယ်။ 

ဆက်လက်ပြီး "တကယ်လို့များ သိန်း ၁၀၀ ပေးတဲ့ မိသားစုနဲ့ မတော်တဆ တွေ့ခဲ့ရင် တစ်ခုလောက်တော့အကြံပေးချင်တယ်...ယောက်င်္ကျားတကာမုဒိန်းကျင့်ချင်စိတ်ဖြစ်တဲ့ မျက်ခွက်ဖြစ်အောင်တော့ဘန်ကောက်လောက်သွားပြီးနည်းနည်းပြုပြင်လိုက်အုံး...ဟုတ်ပြီလား" ဆိုတဲ့ အကြံပြုစကားလေးကို ဘွင်းဘွင်းရှင်းရှင်းရေးသားလိုက်တာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့အမှုဖွင့်တိုင်ကြားသူအမျိုးသမီးရဲ့နောက်ကြောင်းရာဇဝင်ဆိုးတွေဟာလည်း လူမှုကွန်ယက် မှာပြန့်နှံ့နေပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ များစွာခံနေရတာပဲ ဖြစ်ပါတယ်လက်ရှိအချိန်မှာတော့အမှန်ကိုမသိရသေးတာကြောင့်သေချာတဲ့အဖြေတစ်ခုမပြောနိုင်သေးပေမယ့်တကယ့်ကိုစစ်မှန်ပြီးတရားမျှတတဲ့အဖြေတစ်ခုအမြန်ဆုံး ဖော်ထုတ်ဖို့ ပရိသတ်တွေကတော့ ဆုတောင်းပေးကြပါလို့ မျှတာရပ်ခံလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - နှိုင်းယှဉ်မြင့်မိုရ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။