" ဒီပွဲကိုကြည်​့ရတာ ​​ကျေနပ်​ဖို့​ကောင်​းပါတယ်​။ ကျွန်​​တော်​တို့ဟာ တစ်​ဦးချင်​းစွမ်​း​ဆောင်​ရည်​​ရော အသင်​းလိုက်​အ​နေနဲ့လည်​း အရမ်​း​ကောင်​းခဲ့ပါတယ်​။ အသင်​းရဲ့ အာရုံစူးစိုက်​မှု မ​လျော့ကျသွားတာကိုလည်​း ကျွန်​​တော်​ ​ကျေနပ်​မိပါတယ်​။ တကယ်​​တော့ (၃)ဂိုးပြတ်​နိုင်​​နေချိန်​မှာ ပွဲကို အာရုံစူးစိုက်​မှုအပြည်​့နဲ့ ကစားနိုင်​ဖို့ဆိုတာ မလွယ်​ဘူး​လေ။ ကျွန်​​တော်​တို့ ကစားချင်​တဲ့အတိုင်​း ကစားနိုင်​ခဲ့တယ်​။ ဝဲလ်​ဘက်​လို ကစားသမား​တွေ ပြန်​​ကစားနိုင်​ပြီး ခြေစွမ်​းပြတဲ့ပွဲကို မြင်​​တွေ့ခဲ့ရတာကလည်​း အခွင်​့အ​ရေး​ကောင်​းတစ်​ခု ဖြစ်​ခဲ့ပါတယ်​။

ကျွန်​​တော်​့အမြင်​အရ​တော့ အရမ်​း​ကောင်​းတဲ့ လူငယ်​ကစားသမားအချို့ကိုလည်​း မြင်​​တွေ့ခဲ့ရတယ်​။ သီယိုက​တော့ အဆုံးသတ်​သမား​ကောင်​းတစ်​​ယောက်​ပါ။ ကျွန်​​တော်​တို့ ဖန်​တီးနိုင်​ခဲ့တဲ့ အခွင်​့အ​ရေး​တွေကလည်​း အရမ်​း​ကောင်​းတယ်​။ ထိချက်​တစ်​ချက်​ထဲနဲ့ အဆုံးသတ်​ဖို့ ကြုံလာချိန်​တိုင်​းမှာ သီယိုရဲ့တုံ့ပြန်​မှုက အရမ်​းလျင်​မြန်​ပါတယ်​။ သူ့ရဲ့အဆုံးသတ်​မှုကလည်​း အလွန်​တိကျပါတယ်​။

ဝဲလ်​ဘက်​က ​လေ့ကျင်​့​ရေးကွင်​းမှာ အရမ်​းကြိုးစားတဲ့ ကစားသမားတစ်​​ယောက်​ပါ။ ဒါ​ပေမဲ့ သူ့ရဲ့ကြိုးစားမှုက တကယ်​့ကစားပွဲမှာ ဘယ်​​လောက်​ထိ အကျိုးရှိလာမလဲဆိုတာ မသိနိုင်​ဘူး။ သူ့ရဲ့​ပြေးအား၊ သူ့ရဲ့အဆုံးသတ်​မှု​တွေ ​လျော့ကျသွားခြင်​းမရှိတာကို မြင်​ရတာ အရမ်း​ေ​ကာင်း​ပါတယ်​။ ကာလရှည်​ကြာ အနားယူ​နေရာက​နေ အခုလို ​ခြေစွမ်​းပြနိုင်​ဖို့ဆိုတာ လွယ်​တဲ့ကိစ္စမဟုတ်​ဘူး​လေ။ သူက တကယ့်လူပါ။ "

- အာစင်​ဝင်​းဂါး

Ref: Arsenal Official

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။