Kylie ကတော့ လက်ရှိမှာ အသက်အငယ်ဆုံးနဲ့ ဘီလီနာ အမျိုးသမီး ဖြစ်လာသူ လို့ နာမည်ကြီးနေတဲ့ မော်ဒယ်၊ Kylie Cosmetics Company ကို တည်ထောင်သူ ဖြစ်ပါတယ်။သူမရဲ့ချစ်သူ ကတော့ Rapper အဆိုတော် Travis Scott ဖြစ်ပြီး လက်ရှိမှာတော့ သူတို့ နှစ်ဦးရဲ့ လသား အရွယ် ချစ်စရာသမီးလေး Stormi ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ သမီးလေးStormi နဲ့ပတ်သက်လို့ အဖေအရင်းဟာ Travis မဟုတ်ပဲ Kylie ကိုယ်ရံတော် Tinဖြစ်တယ်လို့ ဟောလဟာလ တစ်ချို့ ထွက်ရှိခဲ့ပေမဲ့လည်း တို့ Travis ရဲ့ ဆက်ဆံရေး ကတော့ ဘာမှ ပြောင်းလဲခြင်းမရှိသလို အရာအားလုံး အေးအေးဆေးဆေး ပါပဲ။

အသက်(၂၀)အရွယ် ငယ်ရွယ်တဲ့ ကလေးတစ်ယောက် အမေ တစ်ယောက် အနေနဲ့ သမီလေး Stormi ကို ဂရုစိုက်ရတာက တဖက်၊ သူမရဲ့ကိုယ်ပိုင် မိတ်ကပ်ပစ္စည်း Companyကို အမြဲတမ်း ထိပ်ဆုံးရောက်နေအောင် ၊ Hot နေအောင်ကြိုးစား ရတာက တဖက် နဲ့ အတော်လေး တော်တယ်လို့ ဆိုရမှာပါ။ ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင်ပြီး ချမ်းသာလာတဲ့ သူမ ဟာ သူမရဲ့ ကိုယ်ပိုင် နာမည် ကို အသုံးချလို့တည်ထောင်ခဲ့တဲ့ Cosmetics Company ဝင်ငွေတစ်ခုတည်းနဲ့ ဘီလီယံနာ ဖြစ်လာပါတယ်လို့ Forbes Magazine ရဲ့ Cover မှာ ဖော်ပြခြင်း ခံခဲ့ ပါတယ်။

GQ MAgazine ရဲ့ ဇူလှိုင်လ Cover ပိုင်ရှင်တွေ အဖြစ် အမိုက်စား ဖော်ပြခြင်း ခံလိုက်ရတဲ့ Travis Scott နဲ့ Kylie တို့ရဲ့ အမိုက်စား စုံတွဲတွေ ကိုတော့ တကယ်ကို အမိုက်စား လို့ ပဲ ဆိုရမှာပါ။ အာဖရိကန်သားနဲ့ ကယ်လီဖိုးနီးယားသူ ကွာခြားလှတဲ့ အဖြူ-အမဲ အသားအရောင် နဲ့ စုံတွဲလေးကြောင့် မြင်ရတာ မျက်လုံးထဲ တမျိုးဆန်းနေမှာပါ။ မဲမဲသဲသဲကို ချစ်ရင် သည်းသည်းမဲမဲကို ချစ်ခ့ရမယ်ဆိုတာ သက်သေပြလိုက်သလိုပါပဲ နော်။ 2017 ခုနှစ်လောက်ကတည်း က လက်တွဲလာတဲ့ Travis Scott နဲ့ Kylie တို့ စုံတွဲလေး ဟာ လက်ရှိမှာတော့ ချစ်သူသက်တမ်း တစ်နှစ် ကျော်ပြီ လို့ ဆိုရမှာပါ။

source: kylie/ wikipedia ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။