အဆိုတော်မနောကိုတော့ ချစ်ပရိသတ်ကြီးချစ်မယ်ဆိုတာသိပါတယ်။ပရိသတ်အသည်းကျော် အဆိုတော်တွေထဲမှာတစ်ယောက်အပါအဝင်ဖြစ်တဲ့ မနောကတော့ ချစ်ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်တစ်ဦးပဲဖြစ်ပါတယ်။ယနေ့မှာတော့အဆိုတော်မနော ကသူရဲ့ သီချင်းအသစ်လေးဖြစ်တဲ့ နှစ်တစ်ရာတိုင် သီချင်းလေးကို အခုရက်ပိုင်းအတွင်း ပရိသတ်တွေရှေ့ ချပြမယ်လို့ ပြောဆိုထားပါတယ်။

မနောကတော့" မနော အသစ်တစ်ပုဒ် တင်တော့မယ်နော် ဒီရက်ပိုင်းပဲဗျို့ နှစ်တစ်ရာတိုင် ကျနော့်ငယ်ဘဝလေးလည်း နည်းနည်းထည့်ရိုက်ထားတယ်ဗျား အားပေးဘို့တော့သိတဲ့အတိုင်းပဲ ချစ်တုန်းတို့ရေ သာယာချမ်းမြေ့ပါစေဗျား "လို့ ချစ်ပရိသတ်တွေကို ဆုတောင်းပေးထားပါတယ်။နှစ်တစ်ရာတိုင် ဆိုတဲ့ သီချင်းလေးထဲမှာ မနောက သူရဲ့ငယ်ဘဝအကြောင်းကို ထည့်ပြီးရိုက်ကူးထားပါတယ်။ 

မနောရဲ့ နှစ်တစ်ရာတိုင် ဆိုတဲ့ သီချင်းလေးကို ဟာသသရုပ်ဆောင် ပေါင်းများစွာနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး ဘယ်လို သီချင်းလေးဖြစ်မလဲဆို တာ ပရိသတ်တွေစိတ်ဝင်စားနေကြပါတယ်။မနောကတော့ အလှူတွေမှာမနောရဲ့သီချင်းတွေမပါရင် ပွဲမစည်လောက်အောင်ပင် အောင်မြင်ခဲ့ပါတယ်။ ချစ်ပရိသတ်ကြီးအတွက် မနောရဲ့ နှစ်တစ်ရာတိုင် ဆိုတဲ့ သီချင်းလေးကို ရိုက်ကူးထားတဲ့ ရိုက်ကွင်းပေါ်က ပုံလေးတွေကို မျှဝေထားပါတယ်။

SOURCE: မေနာ Manaaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။